DxOMark မွာ ၉၆ မွတ္ရခဲ့တဲ့ OnePlus 6

[ Zawgyi ]

DxOMark ဟာ OnePlus 6 ကင္မရာကို စမ္းသပ္ခဲ့ရာမွာ ရလဒ္က အလြန္ေကာင္းခဲ့ၿပီး ရမွတ္က Galaxy Note 8 နဲ႔ iPhone 8 ေမာ္ဒယ္ႏွစ္မ်ိဳးထက္ ျမင့္မားခဲ့တယ္လို႔ သိရပါတယ္။

OnePlus ကင္မရာရဲ႕ အားနည္းခ်က္ကေတာ့ ဗီဒီယို႐ိုက္ကူးတာပဲ ျဖစ္ပါတယ္။ အဲ့ဒီကင္မရာဟာ ဓာတ္ပံု႐ိုက္ကူးရာမွာ အမွတ္ ၁၀၀ ရခဲ့ေပမယ့္လည္း ဗီဒီယို႐ိုက္ကူးရာမွာေတာ့ ၈၇ မွတ္သာရရိွခဲ့ပါတယ္။ ႐ုပ္ေသဓာတ္ပံုအပိုင္းမွာေတာ့ OnePlus 6 က Google Pixel 2 ထက္ တစ္မွတ္ပိုသာခဲ့ပါတယ္။

႐ုပ္ေသကင္မရာဟာ လ်င္ျမန္ၿပီး တိက်တဲ့ autofocus, တစ္သမတ္တည္းရိွတဲ့ exposure နဲ႔ ေတာက္ပတဲ့ အေရာင္ေတြအတြက္ ခ်ီးက်ဴးခံခဲ့ရပါတယ္။

ဗီဒီယိုကင္မရာရဲ႕ autofocus ကလည္း လ်င္ျမန္သလို stabilization နဲ႔ low noise level ေတြကလည္း ေကာင္းမြန္ပါတယ္။ ဒါေပမဲ့ ပံုရိပ္ေတြက over-sharp ျဖစ္ၿပီး စြမ္းေဆာင္ရည္ကလည္း တစ္သမတ္တည္း မရိွပါဘူး။

OnePlus 6 ရဲ႕ review အျပည့္အစံုကို DxO Lab ရဲ႕ဝက္ဘ္ဆိုက္မွာ ဖတ္႐ႈႏိုင္ပါတယ္။

Ref: GSMArena

[ Unicode ]

DxOMark ဟာ OnePlus 6 ကင်မရာကို စမ်းသပ်ခဲ့ရာမှာ ရလဒ်က အလွန်ကောင်းခဲ့ပြီး ရမှတ်က Galaxy Note 8 နဲ့ iPhone 8 မော်ဒယ်နှစ်မျိုးထက် မြင့်မားခဲ့တယ်လို့ သိရပါတယ်။

OnePlus ကင်မရာရဲ့ အားနည်းချက်ကတော့ ဗီဒီယိုရိုက်ကူးတာပဲ ဖြစ်ပါတယ်။ အဲ့ဒီကင်မရာဟာ ဓာတ်ပုံရိုက်ကူးရာမှာ အမှတ် ၁၀၀ ရခဲ့ပေမယ့်လည်း ဗီဒီယိုရိုက်ကူးရာမှာတော့ ၈၇ မှတ်သာရရှိခဲ့ပါတယ်။ ရုပ်သေဓာတ်ပုံအပိုင်းမှာတော့ OnePlus 6 က Google Pixel 2 ထက် တစ်မှတ်ပိုသာခဲ့ပါတယ်။

ရုပ်သေကင်မရာဟာ လျင်မြန်ပြီး တိကျတဲ့ autofocus, တစ်သမတ်တည်းရှိတဲ့ exposure နဲ့ တောက်ပတဲ့ အရောင်တွေအတွက် ချီးကျူးခံခဲ့ရပါတယ်။

ဗီဒီယိုကင်မရာရဲ့ autofocus ကလည်း လျင်မြန်သလို stabilization နဲ့ low noise level တွေကလည်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ပုံရိပ်တွေက over-sharp ဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း တစ်သမတ်တည်း မရှိပါဘူး။

OnePlus 6 ရဲ့ review အပြည့်အစုံကို DxO Lab ရဲ့ဝက်ဘ်ဆိုက်မှာ ဖတ်ရှုနိုင်ပါတယ်။

Ref: GSMArena