Dulwich College Yangon မှ နိုင်ငံတကာအဆင့်မီ Boarding ဝန်ဆောင်မှုပေးမည်
[ Zawgyi ]
ဗြိတိသျှအဆောင်နေကျောင်းများ ပုံစံအတိုင်း ကျောင်းသား၊ ကျောင်းသူလေးများကို ၎င်းတို့အသက်ပေါ်မူတည်ပြီး နှစ်ယောက်ခန်းနဲ့ လေးယောက်ခန်းများမှာ ထားရှိမှာဖြစ်ပြီး မိန်းကလေး အဆောင်နဲ့ ယောက်ျားလေးအဆောင်တွေကို သီးခြားစီထားရှိပြီး နှစ်နေရာစလုံးမှာ ကိုယ်လက်လှုပ်ရှားနိုင်တဲ့ နေရာများပါရှိမှာဖြစ်ကြောင်း၊ အဆောင်များမှာ စာကြည့်နိုင်မယ့်နေရာ၊ နားနေဆောင်များပါရှိပြီး ညနေခင်းနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များကိုလည်း စီစဉ်ထားရှိကြောင်း သိရပါတယ်။
-သန္တာ
[ Unicode ]
Dulwich College Yangon မှ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ Boarding ဝန်ဆောင်မှုကို ပေးသွားမယ်လို့ သိရပါတယ်။
ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ နိုင်ငံတကာအဆင့်မီ ကျောင်းအိပ် ကျောင်းစားဘော်ဒါဆောင် (International Boarding School) ကို အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ “Dulwich က ကျောင်းသား၊ ကျောင်းသူအားလုံးဟာ ကျွမ်းကျင်မှုအသစ်တွေ ရရှိပြီး မိမိကိုယ်ကို အားကိုးနိုင်စေမယ့် အခွင့်အလမ်းတွေ ပေးထားပါတယ်။ ဒါဟာ အဆောင်နေ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အထူးသက်ရောက်စေပါမယ်၊ သူတို့က အမှီအခိုကင်းမှုရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ အတွေ့အကြုံတွေရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် ဘဝဆို်င်ရာ အရေးကြီးတဲ့ကျွမ်းကျင်မှုတွေ၊ မိမိကိုယ်ကို စည်းကမ်းတကျ ချမှတ်နေထိုင်တတ်မှုတွေ အစရှိတဲ့အရာတွေ ဖွံ့ဖြိုးလာစေဖို့ အပြည့်အဝ အထောက်အပံ့ရစေမယ့် ဘေးကင်းလုံခြံုတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်၊ သူတို့ကိုယ်တိုင် အစားအသောက်များ ပြင်ဆင်တတ်ဖို့နဲ့ သူတို့ကိုယ်တိုင် အလုပ်နဲ့ အချိန်ကို စီမံခန့်ခွဲတတ်အောင် အခွင့်အလမ်းတွေပေးထားတယ်။ ကျောင်းသား၊ ကျောင်းသူတွေအားလုံးဟာ တစ်နေ့မှာ နိုင်ငံရပ်ခြားမှာ ပညာ ဆက်လက်သင်ယူရန် ရည်မှန်းလုပ်ဆောင်နေကြ သူတွေဖြစ်တဲ့အလျောက် ဒီနေရာဟာ သူတို့အတွက် အမှီအခိုကင်းမဲ့စွာ ရှေ့ဆက်လျှောက်လှမ်းဖို့ အကောင်းဆုံးကြားခံ အထောက်အပံ့ နေရာပဲဖြစ်ပါတယ်” လို့ Dulwich College Yangon Star City ကျောင်းဝင်းရဲ့ ဝါရင့်ဘော်ဒါဆောင်မှူးကြီး တစ်ဦးဖြစ်တဲ့ Mr. Adrian Jordan က ပြောပါတယ်။
ဗြိတိသျှအဆောင်နေကျောင်းများ ပုံစံအတိုင်း ကျောင်းသား၊ ကျောင်းသူလေးများကို ၎င်းတို့အသက်ပေါ်မူတည်ပြီး နှစ်ယောက်ခန်းနဲ့ လေးယောက်ခန်းများမှာ ထားရှိမှာဖြစ်ပြီး မိန်းကလေး အဆောင်နဲ့ ယောကျ်ားလေးအဆောင်တွေကို သီးခြားစီထားရှိပြီး နှစ်နေရာစလုံးမှာ ကိုယ်လက်လှုပ်ရှားနိုင်တဲ့ နေရာများပါရှိမှာဖြစ်ကြောင်း၊ အဆောင်များမှာ စာကြည့်နိုင်မယ့်နေရာ၊ နားနေဆောင်များပါရှိပြီး ညနေခင်းနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များကိုလည်း စီစဉ်ထားရှိကြောင်း သိရပါတယ်။