Dulwich College Yangon မှ ပညာရေး ဟောပြောပွဲပြုလုပ်မည်

[ Zawgyi ]




-ဝေဝေ

[ Unicode ]

Dulwich College Yangon မှ ပညာရေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်၊ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီမှ ၅ နာရီအထိ Shangri-La Hotel ၌ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ Dulwich College Yangon ၏ Founders’ Bursary ပညာသင်ဆုအကြောင်းများကို ရှင်းလင်း ပြောကြားပေးမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီရဲ့ နှစ်စဉ်ကျောင်းလခမှ အမေရိကန်ဒေါ် လာ ၅,၀၀၀ လျှော့ချပေးခြင်းကို ကျောင်းသား၊ ကျောင်းသူအသစ်များ မိဘအုပ်ထိန်းသူများ အားလုံးအတွက် ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်ပုဂ္ဂလိက လေ့ကျင့်ရေးကျောင်းကို အခြေပြု၍ သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်၍လည်း ပိုမိုလေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဟောပြောပွဲတက်ရောက် လိုသူတွေအနေနဲ့ ဒီနေရာမှာ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။