Dual-SIM iPhone ကို တရုတ်နိုင်ငံတွင်သာ ဖြန့်ချိဖွယ်ရှိ

[Zawgyi]




Dual-SIM နဲ့သုံးနိုင်မယ့် iPhone သစ်က LCD screen ပါဝင်တဲ့ ၆.၁ လက်မ iPhone ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာ ဖြန့်ချိသွားဖွယ်မရှိဘဲ ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာပဲ ဖြန့်ချိသွားဖွယ်ရှိတယ်လို့ Economic Daily News က ဖော်ပြခဲ့ပါတယ်။


ဒီမော်ဒယ်မှာ အရင် iOS ဟန်းဆက်တွေထက် ပိုကြီးတဲ့ display တစ်ခုပါဝင်လာမှာဖြစ်သလို ဈေးနှုန်းကလည်း အခြားသော ၂၀၁၈ မော်ဒယ်တွေထက် သက်သာနိုင်ပါတယ်။ နာမည်ကျော် လေ့လာဆန်းစစ်သူ Ming-Chi Kuo ကတော့ ၆.၁ လက်မ iPhone ရဲ့ ဈေးနှုန်းက ဒေါ်လာ ၆၀၀ ကနေ ဒေါ်လာ ၇၀၀ အတွင်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref: CultofMac

[Unicode]

နောက်ဆုံးပေါ် iOS 12 beta မှာ Apple က SIM card နှစ်ခု တစ်ပြိုင်တည်းသုံးနိုင်စေမယ့် ပထမဆုံး iPhone ဖြန့်ချိသွားမယ်ဆိုတဲ့ အထောက်အထား ပါဝင်လာပါတယ်။ ဒါပေမဲ့ အဲ့ဒီ option ကို လူအများစုက ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဆိုပါ dual-SIM iPhone ကို တရုတ်နိုင်ငံမှာပဲ ဖြန့်ချိသွားဖွယ်ရှိပါတယ်။

လက်ရှိ Apple ဖုန်းတိုင်းမှာ SIM card တစ်ခုပဲ ပါဝင်ပါတယ်။ ဒါဟာ ၂၀၁၈ မော်ဒယ်တွေမှာ ပြောင်းလဲသွားဖွယ်ရှိပါတယ်။

Dual-SIM နဲ့သုံးနိုင်မယ့် iPhone သစ်က LCD screen ပါဝင်တဲ့ ၆.၁ လက်မ iPhone ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာ ဖြန့်ချိသွားဖွယ်မရှိဘဲ စျေးကွက်ကြီးတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာပဲ ဖြန့်ချိသွားဖွယ်ရှိတယ်လို့ Economic Daily News က ဖော်ပြခဲ့ပါတယ်။

Dual-SIM ဗားရှင်းဟာ ၂၀၁၈ မော်ဒယ်သစ်တွေထဲမှာ ၆.၁ လက်မ iPhone ကို ပိုမိုလူသိများစေမယ့် အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီမော်ဒယ်မှာ အရင် iOS ဟန်းဆက်တွေထက် ပိုကြီးတဲ့ display တစ်ခုပါဝင်လာမှာဖြစ်သလို စျေးနှုန်းကလည်း အခြားသော ၂၀၁၈ မော်ဒယ်တွေထက် သက်သာနိုင်ပါတယ်။ နာမည်ကျော် လေ့လာဆန်းစစ်သူ Ming-Chi Kuo ကတော့ ၆.၁ လက်မ iPhone ရဲ့ စျေးနှုန်းက ဒေါ်လာ ၆၀၀ ကနေ ဒေါ်လာ ရ၀၀ အတွင်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref: CultofMac