Dual-screen concept PC ေတြကို အျမည္းခ်ျပခဲ့တဲ့ Intel

[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက dual-screen PC ေတြကို လုပ္ေဆာင္ေနတဲ့ Intel ဟာ ေရွ႕ေျပးဒီဇိုင္းအခ်ိဳ႕ကို Computex 2018 မွာ ျပသသြားခဲ့ပါတယ္။

Intel ဟာ အဆိုပါ ေရွ႕ေျပးထုတ္ကုန္ေတြကို dual display ေတြအျပင္ electronic paper display (EPD) ေတြနဲ႔ပါ ဖန္တီးခဲ့တယ္လို႔ PC World က ေဖာ္ျပခဲ့ပါတယ္။ အဲဒီအထဲက EPD display ပါဝင္တဲ့ ေရွ႕ေျပးထုတ္ကုန္တစ္ခုဟာ သမား႐ိုးက် PC တစ္လံုးထက္ Moleskine မွတ္စုစာအုပ္ တစ္အုပ္နဲ႔ ပိုမိုဆင္တူၿပီး screen ႏွစ္ခုၾကားမွာ ပတၱာတစ္ခုကို ထည့္သြင္းထားပါတယ္။

ေနာက္ထပ္ Intel ေရွ႕ေျပးထုတ္ကုန္တစ္ခုမွာေတာ့ သာမန္ display ႏွစ္ခုကိုအသံုးျပဳထားၿပီး Lenovo ရဲ႕ Yoga Book ထုတ္ကုန္နဲ႔ အလြန္ဆင္တူတာကို ေတြ႕ရပါတယ္။ ကီးဘုတ္တစ္ခုကို ထုတ္ကုန္ရဲ႕ အျခားတစ္ဖက္မွာ ျပသထားတာေၾကာင့္ laptop ပံုစံနဲ႔ အသံုးျပဳႏိုင္ပါတယ္။

ဒီ ေရွ႕ေျပးထုတ္ကုန္ေတြကို အမွန္တကယ္ ထုတ္လုပ္ဖို႔အတြက္ Intel မွာ အစီအစဥ္မရိွပါဘူး ဒါေပမဲ့ Intel က ကုမၸဏီရဲ႕ ေရွ႕ေျပးဒီဇိုင္းေတြကို OEM partner ဆီ ေဝမွ်မွာျဖစ္တဲ့အတြက္ Asus နဲ႔ Lenovo တို႔က Intel ရဲ႕ ကိုယ္ပိုင္ေရွ႕ေျပးဒီဇိုင္းေတြကို တီထြင္ဆန္းသစ္ၿပီး ထုတ္ကုန္ေတြကို ဖန္တီးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

 

[Unicode]

လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက dual-screen PC တွေကို လုပ်ဆောင်နေတဲ့ Intel ဟာ ရှေ့ပြေးဒီဇိုင်းအချို့ကို Computex 2018 မှာ ပြသသွားခဲ့ပါတယ်။

Intel ဟာ အဆိုပါ ရှေ့ပြေးထုတ်ကုန်တွေကို dual display တွေအပြင် electronic paper display (EPD) တွေနဲ့ပါ ဖန်တီးခဲ့တယ်လို့ PC World က ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲက EPD display ပါဝင်တဲ့ ရှေ့ပြေးထုတ်ကုန်တစ်ခုဟာ သမားရိုးကျ PC တစ်လုံးထက် Moleskine မှတ်စုစာအုပ် တစ်အုပ်နဲ့ ပိုမိုဆင်တူပြီး screen နှစ်ခုကြားမှာ ပတ္တာတစ်ခုကို ထည့်သွင်းထားပါတယ်။

နောက်ထပ် Intel ရှေ့ပြေးထုတ်ကုန်တစ်ခုမှာတော့ သာမန် display နှစ်ခုကိုအသုံးပြုထားပြီး Lenovo ရဲ့ Yoga Book ထုတ်ကုန်နဲ့ အလွန်ဆင်တူတာကို တွေ့ရပါတယ်။ ကီးဘုတ်တစ်ခုကို ထုတ်ကုန်ရဲ့ အခြားတစ်ဖက်မှာ ပြသထားတာကြောင့် laptop ပုံစံနဲ့ အသုံးပြုနိုင်ပါတယ်။

ဒီ ရှေ့ပြေးထုတ်ကုန်တွေကို အမှန်တကယ် ထုတ်လုပ်ဖို့အတွက် Intel မှာ အစီအစဉ်မရှိပါဘူး ဒါပေမဲ့ Intel က ကုမ္ပဏီရဲ့ ရှေ့ပြေးဒီဇိုင်းတွေကို OEM partner ဆီ ဝေမျှမှာဖြစ်တဲ့အတွက် Asus နဲ့ Lenovo တို့က Intel ရဲ့ ကိုယ်ပိုင်ရှေ့ပြေးဒီဇိုင်းတွေကို တီထွင်ဆန်းသစ်ပြီး ထုတ်ကုန်တွေကို ဖန်တီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge