Dual Screen လက်ပ်တော့အပါအဝင် မော်ဒယ်သစ် ZenBook, VivoBook နှင့် ROG Phone II မော်ဒယ်ကို ASUS ပြည်တွင်းမှာမိတ်ဆက်

ASUS က touchscreen မြင်ကွင်းနှစ်ခု ပါဝင်တဲ့ Dual Screen လက်ပ်တော့အပါအဝင် မော်ဒယ်သစ် ZenBook, VivoBook နဲ့ ROG Phone II မော်ဒယ်တွေကို “The Laptop of Tomorrow” ခေါင်းစဉ်နဲ့ အောက်တိုဘာ ၃၀ ရက်က ပြည်တွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ပွဲ အခမ်းအနားမှာ ZenBook Pro Duo, New ZenBooks နဲ့ ဒုတိယမျိုးဆက် Touch display ပါဝင်တဲ့ VivoBook တွေအပြင် Intel ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ 10thGeneration CPU နဲ့ AMD Ryzen CPU တပ်ဆင်အသုံးပြုထားတဲ့ ZenBook နဲ့ VivoBook မော်ဒယ်တွေကို မိတ်ဆက်ခဲ့ပြီး ROG Phone II မော်ဒယ်ကိုလည်း တစ်ပါတည်း မိတ်ဆက်ခဲ့ပါတယ်။

“အခုလို The New ZenBook နဲ့ VivoBook ပစ္စည်းသစ်မိတ်ဆက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ နည်းပညာဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတယ်မလား။ ဒီနေ့ မိတ်ဆက်ပေးခဲ့တဲ့ ZenBook စီးရီးနှစ်ခုကတော့ Creative ပရော်ဖက်ရှင်နယ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ငန်းပိုင်းမှာ productivity တိုးတက်လာစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ VivoBook စီးရီးကတော့ အဆင့်မြင့်နည်းပညာတွေပါဝင်တဲ့ Ultrabook တွေကို စျေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုချင်သူတွေအတွက် ရည်ရွယ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့လည်း ဒီလိုမျိုး Ultrabook တွေကို စျေးနှုန်းအမျိုးမျိုး၊ Specification အမျိုးမျိုးနဲ့ ရွေးချယ်စရာတွေ ပေါများလာလို့ ကျေနပ်လိမ့်မယ်လို့ ယူဆပါတယ်” လို့ ASUS Consumer PC ရဲ့ Country Product မန်နေဂျာဖြစ်သူ Jim Hsieh က ပြောပါတယ်။

ASUS ZenBook Pro Duo (UX581) ရဲ့ Core i7 မော်ဒယ်ကို ကန်ဒေါ်လာ ၃၁၉၉ ဝန်းကျင်၊ Core i9 မော်ဒယ်ကို ၃၉၉၉ ဝန်းကျင်၊ ZenBook Duo (UX481) ရဲ့ Core i7 မော်ဒယ်ကို ကန်ဒေါ်လာ ၁၅၄၉ ဝန်းကျင်၊ ZenBook 14 (UM431) ရဲ့ Ryzen 5 AMD processor မော်ဒယ်ကို ကန်ဒေါ်လာ ၇၉၉ ဝန်းကျင်၊ Ryzen 7 AMD processor မော်ဒယ်ကို ကန်ဒေါ်လာ ၈၉၉ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ROG Phone II ကိုတော့ ကန်ဒေါ်လာ ၉၉၉ ဝန်းကျင်နဲ့ ရောင်းချမှာဖြစ်တဲ့အပြင် ROG Phone II ရဲ့ ဆက်စပ်ပစ္စည်းမျိုးစုံကိုလည်း ကန်ဒေါ်လာ ၉၉၉ ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း