Dual-camera sensor အတွက် မူပိုင်ခွင့် မှတ်ပုံတင်လိုက်တဲ့ Samsung

လက်ရှိဈေးကွက်ထဲမှာရရှိနိုင်တဲ့ sensor တွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုပါးလွှာပြီး အလင်းနည်းတဲ့နေရာတွေမှာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ dual-camera sensor အတွက် မူပိုင်ခွင့်တစ်ခုကို Samsung ကုမ္ပဏီက မှတ်ပုံတင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီ feature ကို ဘယ်ထုတ်ကုန်ပေါ်မှာ တွေ့မြင်ရမလဲဆိုတာကတော့ မသိရသေးပါဘူး။ မကြာခင်မှာ Samsung က Galaxy S8 နဲ့ S8+ ကို ပွဲထုတ်မိတ်ဆက်သွားဖို့ ပြင်ဆင်နေပေမယ့် အားလုံးသိထားကြတဲ့အတိုင်း ဒီစမတ်ဖုန်းသစ်မှာ ကျောဘက်ကင်မရာနှစ်ခု မပါဝင်ပါဘူး။

ဒါကြောင့် Galaxy Note 8 က Samsung ရဲ့ dual-camera sensor ပါဝင်တဲ့ ပထမဆုံးထုတ်ကုန်ဖြစ်နိုင်သလို ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်ကြေညာမယ့် Galaxy S9 မှာလည်း dual-camera sensor ကို တွေ့မြင်ရနိုင်ပါတယ်။

Ref: AndroidAuthority