DSLR အေဟာင္း ဝယ္ေတာ့မယ္ဆိုရင္

[ Zawgyi ]

ကင္မရာ ေရာဂါဆိုတာက ေတာ္ေတာ္ဆိုးပါတယ္။ အဲ့ပိုးက မေမြးထားတာဘဲ ေကာင္းတယ္။ ပိုးေလးနည္းနည္း ထလာလို႔ဆိုၿပီး DSLR ထဲက Entry ကို Kit Lens ေလာက္နဲ႔ စကိုင္။ ဆရာ
သမားေတြက ဆက္ေျမႇာက္ေပးေတာ့ ေရွ႕ၾကည္ေနာက္၀ါး၊ ေနာက္ၾကည္ေရွွ႕၀ါး မွန္ဘီလူးေလးျဖစ္တဲ့ Prime lens ေတြ သေရယိုျပန္ေရာ၊ Entry ေလး သံုးတာၾကာလာေတာ့ ေလာဘက
အေတာမသတ္ႏိုင္ စြမ္းေဆာင္ရည္ပိုလာတဲ့ Semi Pro ေတြေလာက္ Pro ေတြေလာက္ မ်က္စပစ္မိျပန္ေရာ။ Crop Frame ေလာက္ကေန Full Frame ေလာက္မွ ဘ၀င္ကက်ခ်င္ရဲ႕။ ေဟာ Full Frame ေလာက္ကိုင္ရျပန္ၿပီ ဆိုျပန္ေတာ့လည္း မမွီတဲ့ေတာ္ဝင္သဇင္ Medium Format ဆိုတာႀကီးကို မွန္းလာျပန္ေရာ။

အမွန္တစ္ကယ္ေတာ့ ဒီေရာဂါပိုးက မေမြးသင့္ပါဘူး။ ေမြးထားရင္ အခ်ိန္နဲ႔အမွ် ေလတိုက္တိုင္း ႀကီးလာေလေလ။ ႀကီးလာေလေလ ပိုက္ဆံပိုကုန္ေလပါပဲ။ ကင္မရာထက္ ကင္မရာေနာက္က လူကပိုအေရးႀကီးပါတယ္ ဆိုေပမယ့္လည္း ကင္မရာသမားတိုင္းက ကိုယ္ကိုင္တဲ့ ကင္မရာကို မိမိသံုးႏိုင္တဲ့ စြမ္းရည္ထက္ ပိုေဆာင္ႏိုင္တဲ့ အျမင့္ကင္မရာေတြ ကိုင္ခ်င္ၾကတာပါပဲ။ ကၽြန္ေတာ့္လို ခါခ်ဥ္ေကာင္မာန္ႀကီးၿပီး ကင္မရာေစ်းႏႈန္းေတာင္ႀကီးကို ပါးစပ္တစ္ကိုက္စာေတာင္ မသယ္ႏိုင္ၾကလို႔သာပါ။

တြင္က်ယ္လာတဲ့ DSLR အေဟာင္းေစ်းကြက္

အထက္ကေျပာတဲ့အတိုင္းပါပဲ။ Entry သမားက Semi အဆင့္၊ Semi သမားက Full Frame ဆိုတာေတြ ကိုင္ခ်င္လာၾကတာ ဓာတ္ပံုသမားတိုင္းရဲ႕ ဆႏၵပါ။ ဆႏၵကို အေကာင္အထည္ေဖာ္ဖို႔ရာ အဓိကက်တာက ဘတ္ဂ်တ္ ပါပဲ။ ပိုက္ဆံတတ္ႏိုင္တဲ့ ဓာတ္သမားေတြအတြက္ေတာ့ မိမိလိုတဲ့ အဆင့္အတိုင္းကင္မရာနဲ႔ ဆက္စပ္ပစၥည္းေတြကို ေကာက္ကာငင္ကာ ဝယ္ယူႏိုင္ေပမယ့္ ဝါသနာအရင္းခံ တစ္ခ်ဳိ႕ေသာ ဓာတ္သမားေတြ အတြက္ကေတာ့ ႀကီးမားတဲ့ အခက္အခဲတစ္ရပ္ပါ။ ဒါေၾကာင့္ ကင္မရာဝယ္ေတာ့မယ္ဆိုရင္ ဘတ္ဂ်က္ မ်က္ႏွာၾကည့္ၿပီး ဝယ္ရတဲ့သူေတြ အဖို႔ေတာ့ မိမိဝယ္ကိုင္ခ်င္တဲ့ အဆင့္ကို မဝယ္ႏိုင္ရင္ေတာင္မွ အနီးစပ္ဆံုးေသာ အဆင့္ကို ဝယ္ကိုင္ဖို႔ ေပသီးေခါက္ရပါၿပီ။

ေမာ္ဒယ္ခ်င္းတူရင္ အေဟာင္းရဲ႕ေစ်းႏႈန္းနဲ႔ အသစ္ရဲ႕ ေစ်းႏႈန္းကိုေပါ့။ ပ်မ္းမွ်ႏႈန္းထားအရကေတာ့ Entry အသစ္တစ္လံုးရဲ႕ ေငြေၾကးက Semi အေဟာင္းထဲက ရွာဝယ္ႏိုင္သလို၊ Semi အသစ္တစ္လံုးရဲ႕ တန္ဖိုးကလဲ Pro တစ္လံုး အေဟာင္းေလာက္ ရွိေနေလေတာ့ တစ္ခ်ဳိ႕ေသာသူတို႔က Entry အသစ္ဝယ္မယ့္အစား Semi Pro အေဟာင္းရွာဝယ္ၾက၊ Semi Pro အသစ္ဖိုး လက္ထဲရွိေနသူကလည္း သူ႔တြက္ကိန္းနဲ႔သူ Pro ထဲက အေဟာင္းေလးကို ရွာဝယ္ၾကနဲ႔ လုပ္ေနၾကရင္း DSLR အေဟာင္းေစ်းကြက္က တြင္က်ယ္လာပါတယ္။ ႀကီးမားလာပါတယ္။ အမ်ားစုကေတာ့ Body Only အေရာင္းအဝယ္လုပ္ၾကတာပါ။

DSLR အေဟာင္းေရာင္းတဲ့ ေစ်းကြက္က ဘယ္ကေန ဘယ္လို ေရာက္လာတယ္မွန္း ကၽြန္ေတာ္ မသိရေပမယ့္ ဂ်ပန္၊ စင္ကာပူ၊ ထိုင္းစတဲ့ အေဟာင္းေစ်းကြက္က ဝင္လာတဲ့ အလံုးေတြရွိသလို ျပည္တြင္းသံုးစြဲေနၾကသူေတြ လက္ထဲကေန ျပန္ထုတ္ၾကတဲ့ အလံုးေတြရွိတယ္လို႔ေတာ့ သိၾကားဖူးပါတယ္။ ရန္ကုန္နဲ႔ မန္းဘက္မွာေတာ့ DSLR အေဟာင္းေရာင္းဝယ္တဲ့ ေနရာကို ဆိုင္နဲ႔ ေသခ်ာဖြင့္လွစ္ ေရာင္းခ်ေနတာကိုေတြ႕ရၿပီး ေနျပည္ေတာ္နဲ႔ အျခားနယ္ေတြဘက္မွာေတာ့ အြန္လိုင္းေပၚကေနတစ္ဆင့္ အေရာင္းအဝယ္ လုပ္ေနၾကတာကို ေတြ႕ရပါတယ္။ အြန္လိုင္းေပၚမွာ စိတ္ခ်လက္ခ်နဲ႔ အေရာင္းအဝယ္လုပ္ႏိုင္တဲ့ သူေတြရွိသလိုပဲ။ မမွန္မကန္လုပ္ေနသူေတြလည္း မ်ားလွပါတယ္။ အဓိကကေတာ့ ပစၥည္းကိုအြန္လိုင္းမွာ ျပၿပီး ပိုက္ဆံလႊဲခိုင္း၊ ပိုက္ဆံလႊဲၿပီးမွ ပစၥည္းမေရာက္လာတာစတဲ့ ကိစၥေတြပါ။ အြန္လိုင္းမွာ ဝယ္မယ္ဆိုရင္ေတာ့ ပစၥည္းအေန အထားလူအေနအထားပါ သတိထားဖို႔ လိုပါတယ္။ ပစၥည္းနဲ႔ တန္ဖိုးနဲ႔ မလိုက္ေအာင္ ခ်ဳိသာေနရင္၊ အေကာင့္တုေတြ၊ မယ္မယ္ရရမရွိတဲ့ အေကာင့္ေတြ၊ အၿမဲတမ္းဒီလိုင္းမွာမရွိဘဲ ေပၚပင္နဲ႔ ထလုပ္သူေတြ နာမည္ပ်က္ ရွိဘူးတာေတြ စတာေတြပါ သတိထားရမွာပါ။

ဒီလို DSLR အေဟာင္းဝယ္တဲ့အခါမွာ အဝယ္မွားမျဖစ္ေစဖို႔ သတိထားရမယ့္ စစ္ေဆးရမယ့္ အခ်က္မ်ားကိုပါ ေရးသားေဖာ္ ျပေပးလိုက္ပါတယ္။

Camera Body ေပၚမွ Button မ်ားကို စစ္ေဆးရန္

ကင္မရာေဘာ္ဒီရဲ႕ ျပင္ပလကၡဏာမွာပါတဲ့ ခလုတ္ေတြကို တစ္ခုခ်င္းလိုက္ၿပီးစစ္ေဆးဖို႔ လိုပါတယ္။ အဲ့ဒီခလုတ္ေတြ ပါဝင္ေနေပမယ့္ အမွန္တကယ္ အလုပ္လုပ္တာ မလုပ္တာကိုေပါ့။ ေဘာ္ဒီေပၚမွာေတာ့ Mode Dial, ISO, Picture Style, Flash, Metering Mode, Focus Mode, Menu, AE & AF Lock, Delete, Play, aperture, Speed, WB စတဲ့ Mode ေတြ ပါေလ့ရွိပါတယ္။ အဲ့ဒီ ခလုတ္ေတြက ပ်က္စီးမွုရွိသလား၊ ရလိုက္မရလိုက္နဲ႔ ခ်ဳိ႕ယြင္းမႈအနည္းငယ္ ရွိေနလား၊ အမွန္တကယ္ အလုပ္လုပ္သလား စတာေတြကို စစ္စစ္ေပါက္ေပါက္ စစ္ဖို႔ လိုပါတယ္။ ကင္မရာမွာပါတဲ့ Card Slot ေတြကိုလည္း စစ္ေဆးပါ။ တစ္ခ်ဳိ႕ေသာ Dual Card Slot ေတြမွာ တစ္ေပါက္က အလုပ္လုပ္ၿပီးေနာက္ တစ္ေပါက္က အလုပ္မလုပ္တာလည္း ရွိတတ္ပါတယ္။

ကၽြန္ေတာ့္ သင္တန္းက ကေလးတစ္ေယာက္ဆို မေျပာဆိုနဲ႔ ေစ်းခ်ဳိလို႔ဆိုၿပီး ဝယ္လိုက္တာမွာ Button , Lens, Sensor ေတြ အကုန္ေကာင္းတယ္။ ေဘာ္ဒီလည္း သန္႔တယ္၊ ဒါေပမဲ့ လက္ထဲေရာက္ၿပီး ေနာက္ေန႔မွ သိလိုက္ရတာက M-Mode တစ္ခုနဲ႔ပဲ ႐ိုက္လို႔ရတယ္။ Av, Tv, P, Auto လံုး၀မရပါ။

Camera Body ရဲ႕ သန္႔ျပန္႔မႈ အေနအထားေဆးသားေတြ တံဆိပ္ေတြ ပြန္းတီးမႈ၊ ေဆးအေရာင္ေတြ လြင့္ပ်ယ္မႈ စတာေတြကို ဝယ္ယူသူေတြအေနနဲ႔ သည္းခံမလား၊ မသည္းခံဘူးလား ဆိုတာေတာ့ ဝယ္ယူသူရဲ႕ သေဘာေပါ့။ ဒါေပမဲ့ ထိမိခိုက္မိလို႔ ေဘာ္ဒီနာေနတာေတြ အက္ေနတာေတြကိုလည္း စစ္ေဆးဖို႔လိုပါတယ္။ ႀကီးမားေသာ ထိခိုက္မႈေၾကာင့္ Error ေတြ ပါဝင္ေနႏိုင္တဲ့ အေနအထားေၾကာင့္ပါ။ ၿပီးေတာ့ ကင္မရာတြင္း Error ရွိ/မရွိလည္း စစ္ေဆးဖို႔ လိုပါတယ္။

ပံုရိပ္ဖမ္း Sensor သန္႔ရွင္းမွု

အရင္တစ္ခါ ေရးထားတဲ့ Sensor အေၾကာင္းမွာလဲ ပါၿပီးသားပါ။ ဒီဂ်စ္တယ္ကင္မရာဆိုတာက ဖလင္အစားပံုရိပ္ဖမ္း Sensor နဲ႔ ပံုရိပ္ေတြ ရယူထားေၾကာင္းကိုပါ။ အဲ့ဒါလည္း အေရးႀကီးတယ္ဗ်။ Sensor မွာ သန္႔ရွင္းမႈမရွိရင္ ပံုေတြမွာ ထိခိုက္လာၿပီပဲ။ Sensor မွာရွိတဲ့ အမႈန္အမြႊား၊ မိႈနဲ႔ ဖုန္ကပံုရိပ္ေတြကို ထိခိုက္ေစပါတယ္။ အဲ့ဒီအမႈန္အမႊား၊ မိႈ၊ ဖုန္ ဆိုတာ ကလည္း ျပန္သန္႔စင္လို႔ရတာ ရွိသလို မရတာေတြလည္း ရွိတတ္လို႔ သတိထားစစ္ရမယ့္ အပိုင္းထဲပါတယ္။

စစ္ေဆးမယ္ဆိုရင္ေတာ့ ေန႔ခင္းအလင္းေကာင္း ရာသီဥတုသာယာခ်ိန္မွာ မိမိရဲ႕ DSLR Camera က ပံုရိပ္ဖမ္းမွန္ဘီလူးနဲ႔ ေဘာ္ဒီက Focus စနစ္ကို Manual မွာထား ( Focus က ဗလာဆိုရင္ ျဖတ္ေတာက္ရွာေဖြခ်ိန္ၾကာလို႔) Shutter Speed ကို 125 အထက္ aperture ကို F 16 ေလာက္ အနည္းဆံုးက်ဥ္းေပးၿပီး ေကာင္းကင္ျပာျပာကို Focus စနစ္ Manual နဲ႔႐ိုက္ၿပီး အဲ့ပံုကို Zoom ခ်ဲ႕ၿပီးစစ္ေဆးပါ။ အမႈန္အမႊားမ်ား ေပၚေနပါရင္ အဲ့ဒါေတြဟာ ဖံုေတြ မိႈေတြပါပဲ။ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ပံုရိပ္ထိခိုက္ေလာက္ေအာင္ မ်ားေနတယ္ဆိုရင္ေတာ့ Sensor ေဆးေၾကာဖို႔ လိုအပ္ေနပါၿပီ။ ေရာင္းသူကိုပဲ အဲ့ဒါကို တာဝန္ယူေပးမလား၊ ကိုယ့္ဘာသာပဲ ကြၽမ္းက်င္ပညာရွင္ေတြဆီ သြားေဆးခိုင္းမလား တစ္ခါတည္းဆံုးျဖတ္ပါ။ DSLR Camera ေတြမွာ Sensor ေဆးေၾကာနည္းကို You Tube မွာ အလြယ္တကူရွာေဖြ ေလ့လာႏိုင္ေပမယ့္ လက္ေတြ႕လိုက္မလုပ္ပါနဲ႔။ ကြၽမ္းက်င္တဲ့ ကင္မရာျပင္ဆရာေတြဆီမွာပဲ အပ္ၿပီး ေဆးခိုင္းသင့္ပါတယ္။

Shutter Account ဘယ္ေလာက္ရွိၿပီးလဲ

DSLR အေဟာင္းဝယ္ေတာ့မယ္ဆိုရင္ ေရာင္းသူေတြ အေမးခံရတဲ့ ပထမဆံုးေမးခြန္းက “Shutter Account ဘယ္ေလာက္ ရွိၿပီးလဲ” ဆိုတာခ်ည္းပါပဲ။ ဘာေၾကာင့္ေမးပါသလဲ။ DSLR
ကင္မရာ တစ္လံုးမွာအေရးပါ ဆံုးက Shutter Account က အေရးပါဆံုးလို႔ ယူဆေနတာေၾကာင့္ပါ။ Shutter Account ဆိုတာက ႐ိုက္ခ်က္ေပါင္း ဘယ္ေလာက္ကို ဆိုလိုတာပါ။ ကင္မရာတစ္လံုးကေန ပံုတစ္ပံုကို “ ခ်လပ္” ဆိုၿပီး ႐ိုက္လိုက္တာနဲ႔ Shutter Account တစ္ခုထပ္တိုး သြားပါၿပီ။ ဘာျဖစ္လို႔ Shutter Account ဆိုတဲ့ ႐ိုက္ခ်က္အေရအတြက္က အေရးပါေနရ သလဲဆိုေတာ့ DSLR မွာ ပွ်မ္းမွ်႐ိုက္ခ်က္ေရ တစ္သိန္းခြဲအထိ ႐ိုက္ခ်က္အေရအတြက္ကို သက္ဆိုင္ရာ ကုမၸဏီေတြက အႀကိမ္ႀကိမ္ စမ္းသပ္ထားတာ။ အဲ့ဒီအေရအတြက္အထိ ကင္မရာရွပ္တာ မပ်က္စီးပါဘူးလို႔ ဆိုထားတာေၾကာင့္ပါ။ အဲ့ဒါကိုတစ္ခ်ဳိ႕က ႐ိုက္ခ်က္ေရ တစ္သိန္းခြဲအထိပဲ ႐ိုက္လို႔ရတယ္လို႔ ယူဆေနၾကတယ္။ အမွန္တစ္ကယ္ေတာ့ ႐ိုက္ခ်က္ေရ တစ္သိန္းခြဲအထိ မပ်က္စီးဘဲ လုပ္ေဆာင္ႏိုင္တယ္လို႔ပဲ ဆိုထားတာပါ။ သတ္မွတ္႐ိုက္ခ်က္ထက္ေက်ာ္သြားရင္ ႐ိုက္ခ်က္ေရတစ္သိန္းခြဲေက်ာ္ရင္ ပ်က္စီးမယ္ သံုးမရဘူးလို႔ မေျပာထားပါဘူး။ ပ်က္စီးသြားႏိုင္ေခ် ရွိေၾကာင္း ေျပာထားတာပါ။ တကယ္တန္း႐ိုက္ရင္လည္း ရွပ္တာအခ်ပ္လိုက္ မေၾကြၾကသြားတဲ့ အထိရႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ေပါ့။ Shutter Account နည္းေလေလ။ ကင္မရာ အသံုးခ်ထားမႈနည္းပါးေလေလ။ ကင္မရာ လတ္ဆတ္မႈရွိေလေလလို႔ တြက္ဆထားၾကၿပီး Shutter Account အေရအတြက္က ကင္မရာအေဟာင္း ေရာင္း၀ယ္မႈ အပိုင္းမွာ အေရးပါေနတာ ျဖစ္ပါတယ္။ DSLR အေဟာင္း၀ယ္ လိုသူေတြ စိတ္ႀကိဳက္အျဖစ္ဆံုးက Shutter Account နည္းေလႀကိဳက္ေလပါ။ ေစ်းကြက္ထဲမွာ အမ်ားစုကေတာ့ Shutter Account ႏွစ္ေသာင္းနဲ႔ သံုးေသာင္းၾကားပိုၿပီး အေရာင္းအဝယ္ျဖစ္တယ္လို႔ ၾကားပါတယ္

မိမိဝယ္ယူမယ့္ ကင္မရာရဲ႕ Shutter Account ကို စစ္ခ်င္ရင္ေတာ့ စစ္နည္းမ်ားထဲက ေနာက္ဆံုး ႐ိုက္ထားတဲ့ပံုကို သက္ဆိုင္ရာ Website မွာ Upload လုပ္ၿပီး စစ္တာက ပိုေကာင္းပါ
တယ္။ အျခားနည္းေတြလည္း ရွိပါတယ္ ။ စစ္ေဆးမယ့္ပံုကေတာ့ ျပင္ထားတဲ့ ပံုမဟုတ္ဘဲ မူရင္းပံု ျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။ မိမိေနာက္ဆံုး႐ိုက္ထားတဲ့ မူရင္းပံုကို https://camerashuttercount.com မွာ Upload လုပ္ၿပီး စစ္ေဆး ႏိုင္ပါတယ္။

Shutter အေနနဲ႔ ပ်က္စီးသြားရင္လည္း အသစ္ထပ္မံ လဲလွယ္ထည့္သြင္းလို႔ ရပါတယ္။ ဒီကင္မရာ ေဘာ္ဒီနဲ႔ ဘယ္ႏွစ္ပံုပဲ ႐ိုက္ထားတာ ျဖစ္ပါေစ Shutter အသစ္လဲလိုက္ရင္ေတာ့ “ 0
Shutter ” ကေန ျပန္စမွာ ျဖစ္ပါ သတဲ့။

-ေက်ာ္ေဇယ်

[ Unicode ]

ကင်မရာ ရောဂါဆိုတာက တော်တော်ဆိုးပါတယ်။ အဲ့ပိုးက မမွေးထားတာဘဲ ကောင်းတယ်။ ပိုးလေးနည်းနည်း ထလာလို့ဆိုပြီး DSLR ထဲက Entry ကို Kit Lens လောက်နဲ့ စကိုင်။ ဆရာသမားတွေက ဆက်မြှောက်ပေးတော့ ရှေ့ကြည်နောက်ဝါး၊ နောက်ကြည်ရှှေ့ဝါး မှန်ဘီလူးလေးဖြစ်တဲ့ Prime lens တွေ သရေယိုပြန်ရော၊ Entry လေး သုံးတာကြာလာတော့ လောဘကအတောမသတ်နိုင် စွမ်းဆောင်ရည်ပိုလာတဲ့ Semi Pro တွေလောက် Pro တွေလောက် မျက်စပစ်မိပြန်ရော။ Crop Frame လောက်ကနေ Full Frame လောက်မှ ဘဝင်ကကျချင်ရဲ့။ ဟော Full Frame လောက်ကိုင်ရပြန်ပြီ ဆိုပြန်တော့လည်း မမှီတဲ့တော်ဝင်သဇင် Medium Format ဆိုတာကြီးကို မှန်းလာပြန်ရော။

အမှန်တစ်ကယ်တော့ ဒီရောဂါပိုးက မမွေးသင့်ပါဘူး။ မွေးထားရင် အချိန်နဲ့အမျှ လေတိုက်တိုင်း ကြီးလာလေလေ။ ကြီးလာလေလေ ပိုက်ဆံပိုကုန်လေပါပဲ။ ကင်မရာထက် ကင်မရာနောက်က လူကပိုအရေးကြီးပါတယ် ဆိုပေမယ့်လည်း ကင်မရာသမားတိုင်းက ကိုယ်ကိုင်တဲ့ ကင်မရာကို မိမိသုံးနိုင်တဲ့ စွမ်းရည်ထက် ပိုဆောင်နိုင်တဲ့ အမြင့်ကင်မရာတွေ ကိုင်ချင်ကြတာပါပဲ။ ကျွန်တော့်လို ခါချဉ်ကောင်မာန်ကြီးပြီး ကင်မရာစျေးနှုန်းတောင်ကြီးကို ပါးစပ်တစ်ကိုက်စာတောင် မသယ်နိုင်ကြလို့သာပါ။

တွင်ကျယ်လာတဲ့ DSLR အဟောင်းစျေးကွက်

အထက်ကပြောတဲ့အတိုင်းပါပဲ။ Entry သမားက Semi အဆင့်၊ Semi သမားက Full Frame ဆိုတာတွေ ကိုင်ချင်လာကြတာ ဓာတ်ပုံသမားတိုင်းရဲ့ ဆန္ဒပါ။ ဆန္ဒကို အကောင်အထည်ဖော်ဖို့ရာ အဓိကကျတာက ဘတ်ဂျတ် ပါပဲ။ ပိုက်ဆံတတ်နိုင်တဲ့ ဓာတ်သမားတွေအတွက်တော့ မိမိလိုတဲ့ အဆင့်အတိုင်းကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေကို ကောက်ကာငင်ကာ ဝယ်ယူနိုင်ပေမယ့် ဝါသနာအရင်းခံ တစ်ချို့သော ဓာတ်သမားတွေ အတွက်ကတော့ ကြီးမားတဲ့ အခက်အခဲတစ်ရပ်ပါ။ ဒါကြောင့် ကင်မရာဝယ်တော့မယ်ဆိုရင် ဘတ်ဂျက် မျက်နှာကြည့်ပြီး ဝယ်ရတဲ့သူတွေ အဖို့တော့ မိမိဝယ်ကိုင်ချင်တဲ့ အဆင့်ကို မဝယ်နိုင်ရင်တောင်မှ အနီးစပ်ဆုံးသော အဆင့်ကို ဝယ်ကိုင်ဖို့ ပေသီးခေါက်ရပါပြီ။

မော်ဒယ်ချင်းတူရင် အဟောင်းရဲ့စျေးနှုန်းနဲ့ အသစ်ရဲ့ စျေးနှုန်းကိုပေါ့။ ပျမ်းမျှနှုန်းထားအရကတော့ Entry အသစ်တစ်လုံးရဲ့ ငွေကြေးက Semi အဟောင်းထဲက ရှာဝယ်နိုင်သလို၊ Semi အသစ်တစ်လုံးရဲ့ တန်ဖိုးကလဲ Pro တစ်လုံး အဟောင်းလောက် ရှိနေလေတော့ တစ်ချို့သောသူတို့က Entry အသစ်ဝယ်မယ့်အစား Semi Pro အဟောင်းရှာဝယ်ကြ၊ Semi Pro အသစ်ဖိုး လက်ထဲရှိနေသူကလည်း သူ့တွက်ကိန်းနဲ့သူ Pro ထဲက အဟောင်းလေးကို ရှာဝယ်ကြနဲ့ လုပ်နေကြရင်း DSLR အဟောင်းစျေးကွက်က တွင်ကျယ်လာပါတယ်။ ကြီးမားလာပါတယ်။ အများစုကတော့ Body Only အရောင်းအဝယ်လုပ်ကြတာပါ။

DSLR အဟောင်းရောင်းတဲ့ စျေးကွက်က ဘယ်ကနေ ဘယ်လို ရောက်လာတယ်မှန်း ကျွန်တော် မသိရပေမယ့် ဂျပန်၊ စင်ကာပူ၊ ထိုင်းစတဲ့ အဟောင်းစျေးကွက်က ဝင်လာတဲ့ အလုံးတွေရှိသလို ပြည်တွင်းသုံးစွဲနေကြသူတွေ လက်ထဲကနေ ပြန်ထုတ်ကြတဲ့ အလုံးတွေရှိတယ်လို့တော့ သိကြားဖူးပါတယ်။ ရန်ကုန်နဲ့ မန်းဘက်မှာတော့ DSLR အဟောင်းရောင်းဝယ်တဲ့ နေရာကို ဆိုင်နဲ့ သေချာဖွင့်လှစ် ရောင်းချနေတာကိုတွေ့ရပြီး နေပြည်တော်နဲ့ အခြားနယ်တွေဘက်မှာတော့ အွန်လိုင်းပေါ်ကနေတစ်ဆင့် အရောင်းအဝယ် လုပ်နေကြတာကို တွေ့ရပါတယ်။ အွန်လိုင်းပေါ်မှာ စိတ်ချလက်ချနဲ့ အရောင်းအဝယ်လုပ်နိုင်တဲ့ သူတွေရှိသလိုပဲ။ မမှန်မကန်လုပ်နေသူတွေလည်း များလှပါတယ်။ အဓိကကတော့ ပစ္စည်းကိုအွန်လိုင်းမှာ ပြပြီး ပိုက်ဆံလွှဲခိုင်း၊ ပိုက်ဆံလွှဲပြီးမှ ပစ္စည်းမရောက်လာတာစတဲ့ ကိစ္စတွေပါ။ အွန်လိုင်းမှာ ဝယ်မယ်ဆိုရင်တော့ ပစ္စည်းအနေ အထားလူအနေအထားပါ သတိထားဖို့ လိုပါတယ်။ ပစ္စည်းနဲ့ တန်ဖိုးနဲ့ မလိုက်အောင် ချိုသာနေရင်၊ အကောင့်တုတွေ၊ မယ်မယ်ရရမရှိတဲ့ အကောင့်တွေ၊ အမြဲတမ်းဒီလိုင်းမှာမရှိဘဲ ပေါ်ပင်နဲ့ ထလုပ်သူတွေ နာမည်ပျက် ရှိဘူးတာတွေ စတာတွေပါ သတိထားရမှာပါ။

ဒီလို DSLR အဟောင်းဝယ်တဲ့အခါမှာ အဝယ်မှားမဖြစ်စေဖို့ သတိထားရမယ့် စစ်ဆေးရမယ့် အချက်များကိုပါ ရေးသားဖော် ပြပေးလိုက်ပါတယ်။

Camera Body ပေါ်မှ Button များကို စစ်ဆေးရန်

ကင်မရာဘော်ဒီရဲ့ ပြင်ပလက္ခဏာမှာပါတဲ့ ခလုတ်တွေကို တစ်ခုချင်းလိုက်ပြီးစစ်ဆေးဖို့ လိုပါတယ်။ အဲ့ဒီခလုတ်တွေ ပါဝင်နေပေမယ့် အမှန်တကယ် အလုပ်လုပ်တာ မလုပ်တာကိုပေါ့။ ဘော်ဒီပေါ်မှာတော့ Mode Dial, ISO, Picture Style, Flash, Metering Mode, Focus Mode, Menu, AE & AF Lock, Delete, Play, aperture, Speed, WB စတဲ့ Mode တွေ ပါလေ့ရှိပါတယ်။ အဲ့ဒီ ခလုတ်တွေက ပျက်စီးမှုရှိသလား၊ ရလိုက်မရလိုက်နဲ့ ချို့ယွင်းမှုအနည်းငယ် ရှိနေလား၊ အမှန်တကယ် အလုပ်လုပ်သလား စတာတွေကို စစ်စစ်ပေါက်ပေါက် စစ်ဖို့ လိုပါတယ်။ ကင်မရာမှာပါတဲ့ Card Slot တွေကိုလည်း စစ်ဆေးပါ။ တစ်ချို့သော Dual Card Slot တွေမှာ တစ်ပေါက်က အလုပ်လုပ်ပြီးနောက် တစ်ပေါက်က အလုပ်မလုပ်တာလည်း ရှိတတ်ပါတယ်။

ကျွန်တော့် သင်တန်းက ကလေးတစ်ယောက်ဆို မပြောဆိုနဲ့ စျေးချိုလို့ဆိုပြီး ဝယ်လိုက်တာမှာ Button , Lens, Sensor တွေ အကုန်ကောင်းတယ်။ ဘော်ဒီလည်း သန့်တယ်၊ ဒါပေမဲ့ လက်ထဲရောက်ပြီး နောက်နေ့မှ သိလိုက်ရတာက M-Mode တစ်ခုနဲ့ပဲ ရိုက်လို့ရတယ်။ Av, Tv, P, Auto လုံးဝမရပါ။

Camera Body ရဲ့ သန့်ပြန့်မှု အနေအထားဆေးသားတွေ တံဆိပ်တွေ ပွန်းတီးမှု၊ ဆေးအရောင်တွေ လွင့်ပျယ်မှု စတာတွေကို ဝယ်ယူသူတွေအနေနဲ့ သည်းခံမလား၊ မသည်းခံဘူးလား ဆိုတာတော့ ဝယ်ယူသူရဲ့ သဘောပေါ့။ ဒါပေမဲ့ ထိမိခိုက်မိလို့ ဘော်ဒီနာနေတာတွေ အက်နေတာတွေကိုလည်း စစ်ဆေးဖို့လိုပါတယ်။ ကြီးမားသော ထိခိုက်မှုကြောင့် Error တွေ ပါဝင်နေနိုင်တဲ့ အနေအထားကြောင့်ပါ။ ပြီးတော့ ကင်မရာတွင်း Error ရှိ/မရှိလည်း စစ်ဆေးဖို့ လိုပါတယ်။

ပုံရိပ်ဖမ်း Sensor သန့်ရှင်းမှု

အရင်တစ်ခါ ရေးထားတဲ့ Sensor အကြောင်းမှာလဲ ပါပြီးသားပါ။ ဒီဂျစ်တယ်ကင်မရာဆိုတာက ဖလင်အစားပုံရိပ်ဖမ်း Sensor နဲ့ ပုံရိပ်တွေ ရယူထားကြောင်းကိုပါ။ အဲ့ဒါလည်း အရေးကြီးတယ်ဗျ။ Sensor မှာ သန့်ရှင်းမှုမရှိရင် ပုံတွေမှာ ထိခိုက်လာပြီပဲ။ Sensor မှာရှိတဲ့ အမှုန်အမွွှား၊ မှိုနဲ့ ဖုန်ကပုံရိပ်တွေကို ထိခိုက်စေပါတယ်။ အဲ့ဒီအမှုန်အမွှား၊ မှို၊ ဖုန် ဆိုတာ ကလည်း ပြန်သန့်စင်လို့ရတာ ရှိသလို မရတာတွေလည်း ရှိတတ်လို့ သတိထားစစ်ရမယ့် အပိုင်းထဲပါတယ်။

စစ်ဆေးမယ်ဆိုရင်တော့ နေ့ခင်းအလင်းကောင်း ရာသီဥတုသာယာချိန်မှာ မိမိရဲ့ DSLR Camera က ပုံရိပ်ဖမ်းမှန်ဘီလူးနဲ့ ဘော်ဒီက Focus စနစ်ကို Manual မှာထား ( Focus က ဗလာဆိုရင် ဖြတ်တောက်ရှာဖွေချိန်ကြာလို့) Shutter Speed ကို 125 အထက် aperture ကို F 16 လောက် အနည်းဆုံးကျဉ်းပေးပြီး ကောင်းကင်ပြာပြာကို Focus စနစ် Manual နဲ့ရိုက်ပြီး အဲ့ပုံကို Zoom ချဲ့ပြီးစစ်ဆေးပါ။ အမှုန်အမွှားများ ပေါ်နေပါရင် အဲ့ဒါတွေဟာ ဖုံတွေ မှိုတွေပါပဲ။ စိတ်အနှောင့်အယှက်ဖြစ်အောင် ပုံရိပ်ထိခိုက်လောက်အောင် များနေတယ်ဆိုရင်တော့ Sensor ဆေးကြောဖို့ လိုအပ်နေပါပြီ။ ရောင်းသူကိုပဲ အဲ့ဒါကို တာဝန်ယူပေးမလား၊ ကိုယ့်ဘာသာပဲ ကျွမ်းကျင်ပညာရှင်တွေဆီ သွားဆေးခိုင်းမလား တစ်ခါတည်းဆုံးဖြတ်ပါ။ DSLR Camera တွေမှာ Sensor ဆေးကြောနည်းကို You Tube မှာ အလွယ်တကူရှာဖွေ လေ့လာနိုင်ပေမယ့် လက်တွေ့လိုက်မလုပ်ပါနဲ့။ ကျွမ်းကျင်တဲ့ ကင်မရာပြင်ဆရာတွေဆီမှာပဲ အပ်ပြီး ဆေးခိုင်းသင့်ပါတယ်။

Shutter Account ဘယ်လောက်ရှိပြီးလဲ

DSLR အဟောင်းဝယ်တော့မယ်ဆိုရင် ရောင်းသူတွေ အမေးခံရတဲ့ ပထမဆုံးမေးခွန်းက “Shutter Account ဘယ်လောက် ရှိပြီးလဲ” ဆိုတာချည်းပါပဲ။ ဘာကြောင့်မေးပါသလဲ။ DSLR
ကင်မရာ တစ်လုံးမှာအရေးပါ ဆုံးက Shutter Account က အရေးပါဆုံးလို့ ယူဆနေတာကြောင့်ပါ။ Shutter Account ဆိုတာက ရိုက်ချက်ပေါင်း ဘယ်လောက်ကို ဆိုလိုတာပါ။ ကင်မရာတစ်လုံးကနေ ပုံတစ်ပုံကို “ ချလပ်” ဆိုပြီး ရိုက်လိုက်တာနဲ့ Shutter Account တစ်ခုထပ်တိုး သွားပါပြီ။ ဘာဖြစ်လို့ Shutter Account ဆိုတဲ့ ရိုက်ချက်အရေအတွက်က အရေးပါနေရ သလဲဆိုတော့ DSLR မှာ ပျှမ်းမျှရိုက်ချက်ရေ တစ်သိန်းခွဲအထိ ရိုက်ချက်အရေအတွက်ကို သက်ဆိုင်ရာ ကုမ္ပဏီတွေက အကြိမ်ကြိမ် စမ်းသပ်ထားတာ။ အဲ့ဒီအရေအတွက်အထိ ကင်မရာရှပ်တာ မပျက်စီးပါဘူးလို့ ဆိုထားတာကြောင့်ပါ။ အဲ့ဒါကိုတစ်ချို့က ရိုက်ချက်ရေ တစ်သိန်းခွဲအထိပဲ ရိုက်လို့ရတယ်လို့ ယူဆနေကြတယ်။ အမှန်တစ်ကယ်တော့ ရိုက်ချက်ရေ တစ်သိန်းခွဲအထိ မပျက်စီးဘဲ လုပ်ဆောင်နိုင်တယ်လို့ပဲ ဆိုထားတာပါ။ သတ်မှတ်ရိုက်ချက်ထက်ကျော်သွားရင် ရိုက်ချက်ရေတစ်သိန်းခွဲကျော်ရင် ပျက်စီးမယ် သုံးမရဘူးလို့ မပြောထားပါဘူး။ ပျက်စီးသွားနိုင်ချေ ရှိကြောင်း ပြောထားတာပါ။ တကယ်တန်းရိုက်ရင်လည်း ရှပ်တာအချပ်လိုက် မကြွေကြသွားတဲ့ အထိရနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့။ Shutter Account နည်းလေလေ။ ကင်မရာ အသုံးချထားမှုနည်းပါးလေလေ။ ကင်မရာ လတ်ဆတ်မှုရှိလေလေလို့ တွက်ဆထားကြပြီး Shutter Account အရေအတွက်က ကင်မရာအဟောင်း ရောင်းဝယ်မှု အပိုင်းမှာ အရေးပါနေတာ ဖြစ်ပါတယ်။ DSLR အဟောင်းဝယ် လိုသူတွေ စိတ်ကြိုက်အဖြစ်ဆုံးက Shutter Account နည်းလေကြိုက်လေပါ။ စျေးကွက်ထဲမှာ အများစုကတော့ Shutter Account နှစ်သောင်းနဲ့ သုံးသောင်းကြားပိုပြီး အရောင်းအဝယ်ဖြစ်တယ်လို့ ကြားပါတယ်

မိမိဝယ်ယူမယ့် ကင်မရာရဲ့ Shutter Account ကို စစ်ချင်ရင်တော့ စစ်နည်းများထဲက နောက်ဆုံး ရိုက်ထားတဲ့ပုံကို သက်ဆိုင်ရာ Website မှာ Upload လုပ်ပြီး စစ်တာက ပိုကောင်းပါ
တယ်။ အခြားနည်းတွေလည်း ရှိပါတယ် ။ စစ်ဆေးမယ့်ပုံကတော့ ပြင်ထားတဲ့ ပုံမဟုတ်ဘဲ မူရင်းပုံ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ မိမိနောက်ဆုံးရိုက်ထားတဲ့ မူရင်းပုံကို https://camerashuttercount.com မှာ Upload လုပ်ပြီး စစ်ဆေး နိုင်ပါတယ်။

Shutter အနေနဲ့ ပျက်စီးသွားရင်လည်း အသစ်ထပ်မံ လဲလှယ်ထည့်သွင်းလို့ ရပါတယ်။ ဒီကင်မရာ ဘော်ဒီနဲ့ ဘယ်နှစ်ပုံပဲ ရိုက်ထားတာ ဖြစ်ပါစေ Shutter အသစ်လဲလိုက်ရင်တော့ “ 0 Shutter ” ကနေ ပြန်စမှာ ဖြစ်ပါ သတဲ့။

-ကျော်ဇေယျ