Dropbox တြဲဖက္တည္ေထာင္သူ ဒ႐ူးဟူစတန္

[ Zawgyi ]

ဒ႐ူးဟူစတန္ဟာ အြန္လိုင္း backup နဲ႔ storage ဝန္ေဆာင္မႈတစ္ခုျဖစ္တဲ့ Dropbox တြဲဖက္တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရိွ
ခ်ဳပ္အျဖစ္ လူသိမ်ားတဲ့ အေမရိကန္ အင္တာနက္ စြန္႔ဦးတီထြင္ရွင္ တစ္ေယာက္ျဖစ္ပါတယ္။ Forbes မဂၢဇင္းရဲ႕အဆိုအရ သူ႔ရဲ႕ အသား တင္ပိုင္ဆိုင္မႈဟာ ေဒၚလာ ၃ ဘီလ်ံရိွပါတယ္။ ဒ႐ူးဟာ ၂၀၁၈ ေဖေဖာ္ဝါရီ ၂၃ ရက္က IPO အတြက္ မေလွ်ာက္ခင္ Dropbox မွာ voting power ၂၄.၄ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ခဲ့ပါတယ္။

ဒ႐ူးဟူစတန္ကို ၁၉၈၃ ခုႏွစ္က မက္ဆာခ်ဴးဆက္ျပည္နယ္၊ အက္တြန္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ သူဟာ ၁၉၉၀ ခုႏွစ္ေတြမွာ
အက္တြန္-ေဘာက္ဇ္ဘေရာ့ အထက္တန္းေက်ာင္းမွာ တက္ေရာက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မက္ဆာခ်ဴးဆက္ နည္းပညာ တကၠသိုလ္ကေန ကြန္ပ်ဴတာသိပၸံဘြဲ႕ရရိွခဲ့ၿပီး Phi Delta Theta လူမႈေရးအသင္းမွာ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီမွာ Dropbox တြဲဖက္တည္ေထာင္သူနဲ႔ နည္းပညာအရာရိွခ်ဳပ္ျဖစ္တဲ့ အာရက္ရွ္ဖာေဒါဆီနဲ႔ ေတြ႕ဆံုခဲ့ပါတယ္။

Dropbox မွာ အလုပ္မလုပ္ခင္ ဒ႐ူးဟူစတန္ဟာ Bit9, Acoolade နဲ႔ Hubspot အပါအဝင္ startup ကုမၸဏီအခ်ိဳ႕မွာ လုပ္ကိုင္ခဲ့ပါ
တယ္။ ဒ႐ူးဟူစတန္ဟာ Business Week ရဲ႕ အသက္ ၃၀ ေအာက္ အလားအလာအရိွဆံုးသူ တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရသလို Inc.com ရဲ႕အသက္ ၃၀ ေအာက္ စြန္႔ဦးတီထြင္ရွင္ ထိပ္တန္း ၃၀ စာရင္းမွာလည္း ပါဝင္ခဲ့ပါတယ္။ Dropbox ကလည္း ဆီလီကြန္ ေတာင္ၾကားရဲ႕ အေကာင္းဆံုး startup ၂၀ ထဲက တစ္ခုျဖစ္လာပါတယ္။

[ Unicode ]

ဒရူးဟူစတန်ဟာ အွန်လိုင်း backup နဲ့ storage ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Dropbox တွဲဖက်တည်ထောင်သူနဲ့ အမှုဆောင်အရာရှိ
ချုပ်အဖြစ် လူသိများတဲ့ အမေရိကန် အင်တာနက် စွန့်ဦးတီထွင်ရှင် တစ်ယောက်ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သူ့ရဲ့ အသား တင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃ ဘီလျံရှိပါတယ်။ ဒရူးဟာ ၂၀၁၈ ဖေဖော်ဝါရီ ၂၃ ရက်က IPO အတွက် မလျှောက်ခင် Dropbox မှာ voting power ၂၄.၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒရူးဟူစတန်ကို ၁၉၈၃ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ်၊ အက်တွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်တွေမှာ
အက်တွန်-ဘောက်ဇ်ဘရော့ အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိခဲ့ပြီး Phi Delta Theta လူမှုရေးအသင်းမှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီမှာ Dropbox တွဲဖက်တည်ထောင်သူနဲ့ နည်းပညာအရာရှိချုပ်ဖြစ်တဲ့ အာရက်ရှ်ဖာဒေါဆီနဲ့ တွေ့ဆုံခဲ့ပါတယ်။

Dropbox မှာ အလုပ်မလုပ်ခင် ဒရူးဟူစတန်ဟာ Bit9, Acoolade နဲ့ Hubspot အပါအဝင် startup ကုမ္ပဏီအချို့မှာ လုပ်ကိုင်ခဲ့ပါ
တယ်။ ဒရူးဟူစတန်ဟာ Business Week ရဲ့ အသက် ၃၀ အောက် အလားအလာအရှိဆုံးသူ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသလို Inc.com ရဲ့အသက် ၃၀ အောက် စွန့်ဦးတီထွင်ရှင် ထိပ်တန်း ၃၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ Dropbox ကလည်း ဆီလီကွန် တောင်ကြားရဲ့ အကောင်းဆုံး startup ၂၀ ထဲက တစ်ခုဖြစ်လာပါတယ်။