Driver Trip Feedback ဟု အမည်ပေးထားသည့်ဝန်ဆောင်မှုအသစ် Grab မိတ်ဆက်

Grab က ယာဉ်မောင်းတွေအတွက် Driver Trip Feedback လို့နာမည်ပေး ထားတဲ့ ဝန်ဆောင်မှုအသစ်ကိုဆောင်ရွက်လိုက်ပါတယ်။


ယာဉ်မောင်း App အတွင်း ထည့်သွင်းပေးလိုက်တာဖြစ်ပြီး အဲဒီ Driver Trip Feedback နဲ့ လမ်းကြောင်းတစ်ခုပြေးဆွဲပြီးတိုင်း အကြံပြုချက်များပေးပို့နိုင်တော့မယ်လို့သိရပါတယ်။ Grab အနေနဲ့လည်း ယာဉ်မောင်းတွေ စိတ်ကျေနပ်မှုရှိ/ မရှိနဲ့ဘပိုမိုကောင်းမွန်ဖို့ ပြုပြင်သင့်တဲ့နေရာတွေကို အရင်ကထက် သိရှိလာနိုင်မယ်လို့ဆိုပါတယ်။ လုပ်ငန်းထပ်တိုးချဲ့ဖို့စီစဉ်ထားပြီး အဲဒီအထဲမှာမြန်မာနိုင်ငံအနှံရှိ မြို့ကြီးတွေမှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများချဲ့ထွင်ခြင်းလည်းပါဝင်ပါတယ်။


GrabPay အပါအ၀င် Grab suite မှ အခြား ၀န်ဆောင်မှုစနစ်များ အသုံးပြုနိုင်ရန်စီစဉ်ခြင်း၊ ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် ဒေသတွင်းရှိ အရည်အချင်းပြည့်ဝသည့် ၀န်ထမ်းပေါင်း ၂၀၀ ခန့် ပါဝင်သော အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း စတာတွေကိုလည်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။ လက်ရှိထည့်သွင်းထားတဲ့ Driver Trip Feedback ကိုစတင်သုံးနေပြီလို့သိရပါတယ်။