Drake ရဲ့ ‘Scorpion’ အယ်လ်ဘမ်ကို တစ်ပတ်အတွင်း stream ပြုလုပ်မှု တစ်ဘီလျံရှိခဲ့
[Zawgyi]
အရင်က Post Malone ရဲ့ beerbongs & bentleys အယ်လ်ဘမ်ဟာ တစ်ပတ်အတွင်း (ဧပြီ ၂၇ မှ မေ ၃) stream လုပ်တဲ့အကြိမ် သန်း ၇၀၀ နဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။
Scorpion ကို အမေရိကန် တစ်နိုင်ငံတည်းမှာတင် တစ်ပတ်အတွင်း stream ပြုလုပ်မှု သန်း ၇၅၀ ကျော်ရှိခဲ့ပြီး Post Malone ရဲ့ beerbongs & bentleys ကတော့ ၄၃၁.၃ သန်းရှိခဲ့တယ်လို့ Nielsen Music က ဖော်ပြခဲ့ပါတယ်။
-နောင်နောင်
Ref: Billboard
[Unicode]
Drake ရဲ့ Scorpion အယ်လ်ဘမ်သစ်ဟာ တစ်ပတ်အတွင်း streaming ပလက်ဖောင်းအားလုံးပေါ်ကနေ stream ပြုလုပ်မှု တစ်ဘီလျံရှိတဲ့ ပထမဆုံးအယ်လ်ဘမ် ဖြစ်လာတယ်လို့ Billboard က အတည်ပြုခဲ့ပါတယ်။
ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၅ ရက်အထိ Scorpion အယ်လ်ဘမ်ထဲက သီချင်းတွေကို ကမ႓ာတစ်ဝန်းက stream လုပ်တဲ့အကြိမ် တစ်ဘီလျံကျော်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးရက်သတ္တပတ်အတွင်း stream လုပ်ခဲ့တဲ့ပမာဏဖြစ်ပြီး stream ပြုလုပ်မှု တစ်ဘီလျံရရှိတဲ့ ပထမဆုံး အယ်လ်ဘမ် ဖြစ်လာခဲ့ပါတယ်။
အရင်က Post Malone ရဲ့ beerbongs & bentleys အယ်လ်ဘမ်ဟာ တစ်ပတ်အတွင်း (ဧပြီ ၂၇ မှ မေ ၃) stream လုပ်တဲ့အကြိမ် သန်း ရ၀၀ နဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။
Scorpion ကို အမေရိကန် တစ်နိုင်ငံတည်းမှာတင် တစ်ပတ်အတွင်း stream ပြုလုပ်မှု သန်း ရ၅၀ ကျော်ရှိခဲ့ပြီး Post Malone ရဲ့ beerbongs & bentleys ကတော့ ၄၃၁.၃ သန်းရှိခဲ့တယ်လို့ Nielsen Music က ဖော်ပြခဲ့ပါတယ်။
-နောင်နောင်
Ref: Billboard