Dragon Touch K10

တန်ဖိုး – ကန်ဒေါ်လာ ၉၉.၉၉
(Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာက ဒီ tablet ရဲ့  အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းချိုသာသလို screen အရွယ်အစား ကြီးကြီးကို လိုချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ tablet တစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက်

အင်တာနက်သုံးစွဲဖို့အတွက်ဆို WiFi နဲ့သာ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး USB port ကလည်း 2.0 ကိုသာ အထောက်အပံ့ ပေးနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကလည်း megapixel အရမ်းများတာကို သုံးစွဲထားတာမျိုး မရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

Quad-core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3GHz ရှိမှာဖြစ်ပါတယ်။ Memory ကတော့ SDRAM DDR3 2GB ကို အသုံးပြုထားပြီး အချက်အလက် တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ storage ပါဝင်မှာ ဖြစ်ပါတယ်။ Display screen အရွယ်အစားကတော့ ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1280 x 800 ခန့်ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 8.1 ကို အသုံးပြုထားပါတယ်။ Dragon Touch K10 မှာအသုံးပြုထားတဲ့ ကင်မရာကတော့ အရှေ့ကင်မရာရော အနောက်ကင်မရာပါ 2megapixels စီရှိတဲ့ ကင်မရာတွေကို အသုံးပြုထားပါတယ်။ ဘက်ထရီ အသုံးပြုနိုင်မှုကတော့ တောက်လျှောက်သုံးစွဲမယ်ဆိုရင် ၆ နာရီခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း