Dragon Touch K10

တန်ဖိုး – ကန်ဒေါ်လာ ၉၉.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာက ဒီ tablet ရဲ့အားသာချက် တစ်ခုဖြစ် ပါတယ်။ဈေးနှုန်းချိုသာသလို screen အရွယ်အစား ကြီးကြီး ကို လိုချင်သူတွေရွေးချယ်သင့်တဲ့ tablet တစ်ခုလည်းဖြစ်ပါတယ်။

အားနည်းချက်

အင်တာနက်သုံးစွဲဖို့အတွက် ဆို WiFi နဲ့သာ ချိတ်ဆက်အသုံး ပြုနိုင်မှာဖြစ်ပြီး USB port က လည်း 2.0 ကိုသာ အထောက်အပံ့ ပေးနိုင်တာကိုတွေ့ရမှာဖြစ်ပါ တယ်။ကင်မရာပိုင်းမှာလည်း megapixel အရမ်းများတာကိုသုံး စွဲထားတာမျိုးမရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

Quad-core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3GHz ရှိ မှာဖြစ်ပါတယ်။ Memory အ တွက်ကိုတော့ SDRAM DDR3 2GB ကို အသုံးပြုထားပြီး အချက် အလက်တွေ သိမ်းဆည်းဖို့အ တွက် 16GB ပမာဏရှိတဲ့ storage ပါဝင်မှာဖြစ်ပါတယ်။ Display အရွယ်အစားကတော့ ၁၀.၁ လက်မ ခန့်ရှိမှာဖြစ်ပြီး screen resolution က 1280 x 800 ခန့်ရှိမှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 8.1 ဖြစ် ပါတယ်။ Dragon Touch K10 မှာ အသုံးပြုထားတဲ့ အရှေ့ကင် မရာနဲ့ အနောက်ကင်မရာက 2megapixels ဖြစ်ပါတယ်။ ဘက်ထရီ အသုံးပြုနိုင်မှုကတော့ တောက်လျှောက်သုံးစွဲမယ်ဆိုရင် ၆ နာရီ ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ