Dragon Quest Builders 2

[ Zawgyi ]

ၿပီးခဲ့တဲ့ႏွစ္ကတည္းက ဂ်ပန္မွာ အခုဂိမ္းကကစားေနၿပီလုိ႔ဆိုေပမယ့္ ကမၻာနဲ႔တ၀ွမ္းကိုေတာ့ အခုမွျဖန္႔ခ်ိလာတာပါ။ ၿပီးျပည့္စံုတဲ့ ဗားရွင္းတစ္ခုကို စိတ္ႀကိဳက္ဖန္တီးၿပီး Upgrade လုပ္လာတယ္ ဆိုရင္လည္း မမွားပါဘူး။ တိုက္ခိုက္ေရးဆန္ဆန္ ဂိမ္းဆုိေပမယ့္ တစ္ခ်ိန္လံုးစစ္ပြဲေတြထဲမွာလို တိုက္ခိုက္ေနဖို႔ေတာ့ မလိုအပ္ပါဘူး။ ကိုယ္တိုင္ၿမိဳ႕ျပ တစ္ခုတည္ေထာင္ၿပီး အင္အားစုေဆာင္း၊ လာေရာက္ တိုက္ခိုက္သူေတြကို ျပန္လည္ခုခံ၊ ကိုယ့္အင္အားကို အေကာင္းဆံုးျဖည့္ဆည္း ေတာင့္တင္းေအာင္ လုပ္ေဆာင္ႏိုင္မွ အႏိုင္ရမယ့္ဂိမ္းပါပဲ။

PS4 နဲ႔ Nintendo Switch ေတြအတြက္ပဲ ထြက္ရွိထားၿပီး ကြန္ပ်ဴတာေတြနဲ႔ ကစားဖို႔ နည္းနည္းခက္တာေၾကာင့္ Wins စနစ္အတြက္ အခ်ိန္နည္းနည္း ေစာင့္ရဖို႔ရွိႏုိင္ပါတယ္။ အထက္မွာ ေျပာခဲ့သလို ၿမိဳ႕ျပတစ္ခုကို ကိုယ္တုိင္တည္ေဆာက္ဖုိ႔အတြက္ အေဆာက္အဦ၊ အကာအကြယ္၊ ခံတပ္ေတြကအစ ကိုယ္တိုင္စိတ္ႀကိဳက္ဒီဇိုင္းနဲ႔ ဖန္တီးႏိုင္မယ္၊ ဘယ္ေလာက္ထိေအာင္ အႏုစိတ္သလဲဆိုရင္ ကစားသူက အခန္းတစ္ခန္းကိုေတာင္ ဘယ္ ေနရာမွာ ဘယ္ပစၥည္းထားမယ္၊ ဘယ္လိုအလွဆင္မယ္၊ အားလံုး စိတ္ႀကိဳက္ ျပင္ဆင္ႏုိင္မွာပါ။ ဒါေၾကာင့္လည္း Console ေတြနဲ႔ ကစားမွ အေကာင္းဆံုး ျဖစ္ႏုိင္လို႔ Wins စနစ္နဲ႔ မလာေသးတာ ျဖစ္ႏုိင္ပါတယ္။

Single အေနနဲ႔ေရာ Multi အေနနဲ႔ပါ ကစားႏုိင္မယ့္ အခုဂိမ္းက အစပိုင္းမွာ ၿမိဳ႕ျပတည္ေဆာက္ဖုိ႔ ေျမေနရာတစ္ခုကလြဲရင္ ဘာမွမရွိတဲ့ တည္ေနရာတစ္ခုကို ေရာက္ေနမယ္၊ အဲဒီကေနမွ လိုအပ္တဲ့ သစ္၊ ေက်ာက္၊ စတဲ့ အေျခခံပစၥည္းေတြ စတင္စုေဆာင္းၿပီး ၿမိဳ႕ျပတစ္ခု တည္ေထာင္ရမွာ ျဖစ္ပါတယ္။ ေရွ႕ထြက္ DQB 1မွာ Single အေနနဲ႔ပဲ ကစားႏုိင္ေနရာကေန အခု Version မွာ ကစားသမား ၄ ေယာက္ထိေအာင္ အဖြဲ႕လုိက္ ကစားလာႏုိင္တာလည္း ေတြ႕ရပါတယ္။ ေျမကြက္လပ္ တစ္ခုကေန ၿမိဳ႕ျပတစ္ခု တည္ေထာင္ဖို႔အတြက္ တစ္ေယာက္တည္း ကစားမယ္ဆိုရင္ေတာ့ အခ်ိန္နည္းနည္းပိုေပးရမယ္၊ နည္းနည္းပိုခက္တယ္ဆိုေပမယ့္ အဖြဲ႕လုိက္ကစားရင္ေတာ့ ကစားလုိ႔အရမ္းေကာင္းသြားပါတယ္။

အထူးသျဖင့္ တုိက္ပြဲ၀င္ခ်ိန္ေတြမွာ စုေပါင္းတိုက္ခိုက္ရမႈက စိတ္ေက်နပ္မႈ အျပည့္အ၀အ ေပးႏိုင္ဆံုးပါပဲ။ ရန္သူကေတာ့ ကစားသူရဲ႕ ယခင္ရွိရင္းစြဲႏုိင္ငံကို တိုက္ခိုက္ဖ်က္ဆီး သိမ္းပိုက္သြားခဲ့တဲ့ မိစာၦႀကီးေတြပါပဲ။ ဇာတ္လမ္းအစမွာ ကစားသူဇာတ္ေကာင္ေတြရဲ႕ ႏုိင္ငံကို မိစာၦေတြက ဖ်က္ဆီးလုိက္တယ္၊ အဲဒီအတြက္ အခုလိုေနရာအသစ္၊ ေျမကြက္လပ္တစ္ခုမွာ ဇာတ္ေကာင္ေတြ ေရာက္လာၿပီး ၿမိဳ႕ျပအသစ္ တည္ေထာင္ရျခင္းပါပဲ။ ဒါေပမဲ့ရန္သူေတြက အခုေနရာသစ္ကိုလည္း လိုက္လာၿပီး တို္က္ခိုက္ပါလိမ့္မယ္၊ ကစားသူေတြရဲ႕ အဓိက တာ၀န္ကေတာ့ မိမိအသစ္တည္ေထာင္ထားတဲ့ ၿမိဳ႕ျပႏုိင္ငံအသစ္ကို ကာကြယ္ဖို႔နဲ႔ အဖက္ဖက္ကေန တိုးတက္ေအာင္ တည္ေဆာက္ဖုိ႔ပါပဲ။

ကစားသူအေနနဲ႔ တိုက္ခိုက္ခ်ိန္မွာ တိုက္ခိုက္ေရးသံုး Item၊ တည္ေဆာက္မႈအပိုင္းမွာ သက္ဆုိင္ရာ Item စသျဖင့္ ေရြးခ်ယ္သံုးႏုိ္င္မွာပါ။ မိမိနဲ႔အနီးတ၀ိုက္ အေနအထားကို သိႏုိ္င္ေအာင္လည္း ေျမပံုအေသးစားတစ္ခုကို Screen ရဲ႕ ညာဖက္ေထာင့္မွာ ထည့္ေပးထားတယ္။ ဒီေျမပံုက တည္ေဆာက္ခ်ိန္ထက္ တိုုက္ခိုက္ခ်ိန္ေတြမွာ ရန္သူရဲ႕အေနအထားကို သိႏုိင္ၿပီး လိုအပ္တဲ့ ျပင္ဆင္မႈေတြ လုပ္ေဆာင္ႏုိင္လို႔ ကစားရတာ အဆင္ေျပေစပါတယ္။ ဒါဆိုရင္ေတာ့ ကိုယ္တုိင္ၿမိဳ႕ျပ တစ္ခုတည္ေဆာက္ၿပီး ရန္သူေတြရဲ႕ ရန္ကေန ကာကြယ္ရင္း ဘယ္လိုလွပေသသပ္တဲ့ ႏိုင္ငံတခုကို ဘယ္ေလာက္ထိေအာင္ တည္ေဆာက္ႏုိင္မလဲဗ်ာ။ စမ္းကစားၾကည့္ၾကတာေပါ့။

[ Unicode ]

ပြီးခဲ့တဲ့နှစ်ကတည်းက ဂျပန်မှာ အခုဂိမ်းကကစားနေပြီလို့ဆိုပေမယ့် ကမ႓ာနဲ့အဝှမ်းကိုတော့ အခုမှဖြန့်ချိလာတာပါ။ ပြီးပြည့်စုံတဲ့ ဗားရှင်းတစ်ခုကို စိတ်ကြိုက်ဖန်တီးပြီး Upgrade လုပ်လာတယ် ဆိုရင်လည်း မမှားပါဘူး။ တိုက်ခိုက်ရေးဆန်ဆန် ဂိမ်းဆိုပေမယ့် တစ်ချိန်လုံးစစ်ပွဲတွေထဲမှာလို တိုက်ခိုက်နေဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်တိုင်မြို့ပြ တစ်ခုတည်ထောင်ပြီး အင်အားစုဆောင်း၊ လာရောက် တိုက်ခိုက်သူတွေကို ပြန်လည်ခုခံ၊ ကိုယ့်အင်အားကို အကောင်းဆုံးဖြည့်ဆည်း တောင့်တင်းအောင် လုပ်ဆောင်နိုင်မှ အနိုင်ရမယ့်ဂိမ်းပါပဲ။

PS4 နဲ့ Nintendo Switch တွေအတွက်ပဲ ထွက်ရှိထားပြီး ကွန်ပျူတာတွေနဲ့ ကစားဖို့ နည်းနည်းခက်တာကြောင့် Wins စနစ်အတွက် အချိန်နည်းနည်း စောင့်ရဖို့ရှိနိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလို မြို့ပြတစ်ခုကို ကိုယ်တိုင်တည်ဆောက်ဖို့အတွက် အဆောက်အဦ၊ အကာအကွယ်၊ ခံတပ်တွေကအစ ကိုယ်တိုင်စိတ်ကြိုက်ဒီဇိုင်းနဲ့ ဖန်တီးနိုင်မယ်၊ ဘယ်လောက်ထိအောင် အနုစိတ်သလဲဆိုရင် ကစားသူက အခန်းတစ်ခန်းကိုတောင် ဘယ် နေရာမှာ ဘယ်ပစ္စည်းထားမယ်၊ ဘယ်လိုအလှဆင်မယ်၊ အားလုံး စိတ်ကြိုက် ပြင်ဆင်နိုင်မှာပါ။ ဒါကြောင့်လည်း Console
တွေနဲ့ ကစားမှ အကောင်းဆုံး ဖြစ်နိုင်လို့ Wins စနစ်နဲ့ မလာသေးတာ ဖြစ်နိုင်ပါတယ်။

Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်မယ့် အခုဂိမ်းက အစပိုင်းမှာ မြို့ပြတည်ဆောက်ဖို့ မြေနေရာတစ်ခုကလွဲရင် ဘာမှမရှိတဲ့ တည်နေရာတစ်ခုကို ရောက်နေမယ်၊ အဲဒီကနေမှ လိုအပ်တဲ့ သစ်၊ ကျောက်၊ စတဲ့ အခြေခံပစ္စည်းတွေ စတင်စုဆောင်းပြီး မြို့ပြတစ်ခု တည်ထောင်ရမှာ ဖြစ်ပါတယ်။ ရှေ့ထွက် DQB 1မှာ Single အနေနဲ့ပဲ ကစားနိုင်နေရာကနေ အခု Version မှာ ကစားသမား ၄ ယောက်ထိအောင် အဖွဲ့လိုက် ကစားလာနိုင်တာလည်း တွေ့ရပါတယ်။ မြေကွက်လပ် တစ်ခုကနေ မြို့ပြတစ်ခု တည်ထောင်ဖို့အတွက် တစ်ယောက်တည်း ကစားမယ်ဆိုရင်တော့ အချိန်နည်းနည်းပိုပေးရမယ်၊ နည်းနည်းပိုခက်တယ်ဆိုပေမယ့် အဖွဲ့လိုက်ကစားရင်တော့ ကစားလို့အရမ်းကောင်းသွားပါတယ်။

အထူးသဖြင့် တိုက်ပွဲဝင်ချိန်တွေမှာ စုပေါင်းတိုက်ခိုက်ရမှုက စိတ်ကျေနပ်မှု အပြည့်အဝအ ပေးနိုင်ဆုံးပါပဲ။ ရန်သူကတော့ ကစားသူရဲ့ ယခင်ရှိရင်းစွဲနိုင်ငံကို တိုက်ခိုက်ဖျက်ဆီး သိမ်းပိုက်သွားခဲ့တဲ့ မိစ္ဆာကြီးတွေပါပဲ။ ဇာတ်လမ်းအစမှာ ကစားသူဇာတ်ကောင်တွေရဲ့ နိုင်ငံကို မိစ္ဆာတွေက ဖျက်ဆီးလိုက်တယ်၊ အဲဒီအတွက် အခုလိုနေရာအသစ်၊ မြေကွက်လပ်တစ်ခုမှာ ဇာတ်ကောင်တွေ ရောက်လာပြီး မြို့ပြအသစ် တည်ထောင်ရခြင်းပါပဲ။ ဒါပေမဲ့ရန်သူတွေက အခုနေရာသစ်ကိုလည်း လိုက်လာပြီး တို်က်ခိုက်ပါလိမ့်မယ်၊ ကစားသူတွေရဲ့ အဓိက တာဝန်ကတော့ မိမိအသစ်တည်ထောင်ထားတဲ့ မြို့ပြနိုင်ငံအသစ်ကို ကာကွယ်ဖို့နဲ့ အဖက်ဖက်ကနေ တိုးတက်အောင် တည်ဆောက်ဖို့ပါပဲ။

ကစားသူအနေနဲ့ တိုက်ခိုက်ချိန်မှာ တိုက်ခိုက်ရေးသုံး Item၊ တည်ဆောက်မှုအပိုင်းမှာ သက်ဆိုင်ရာ Item စသဖြင့် ရွေးချယ်သုံးနို်င်မှာပါ။ မိမိနဲ့အနီးတဝိုက် အနေအထားကို သိနို်င်အောင်လည်း မြေပုံအသေးစားတစ်ခုကို Screen ရဲ့ ညာဖက်ထောင့်မှာ ထည့်ပေးထားတယ်။ ဒီမြေပုံက တည်ဆောက်ချိန်ထက် တိုုက်ခိုက်ချိန်တွေမှာ ရန်သူရဲ့အနေအထားကို သိနိုင်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်လို့ ကစားရတာ အဆင်ပြေစေပါတယ်။ ဒါဆိုရင်တော့ ကိုယ်တိုင်မြို့ပြ တစ်ခုတည်ဆောက်ပြီး ရန်သူတွေရဲ့ ရန်ကနေ ကာကွယ်ရင်း ဘယ်လိုလှပသေသပ်တဲ့ နိုင်ငံတခုကို ဘယ်လောက်ထိအောင် တည်ဆောက်နိုင်မလဲဗျာ။ စမ်းကစားကြည့်ကြတာပေါ့။