Dragon Ball Xenoverse 2

Developer – Dimps
Publisher – Bandai Namco
Genre – Versus Fighting
Platform – Nintendo Switch, PS4, Xbox One, PC
Release Date – September 22, 2017
Story – 7.5
Gameplay – 8.5
Graphics – 9
Presentation – 8
Final Score – 8 out of 10

Dragon Ball Z ဟာ မူရင်း ပင်မဇာတ်လမ်းတွဲပြီးတာ ကြာ ပြီဖြစ်ပေမယ့် ဂိမ်းပုံစံမျိုးစုံ နှစ်တိုင်းထွက်ရှိနိုင်တဲ့အထိ နိုင်ငံတကာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်သလို Bandai Namco အနေနဲ့ကလည်း ဂိမ်းစက်မျိုးဆက်ပေါင်းများစွာ ဆက်တိုက်ထုတ်ပေးခဲ့တာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီ ဖြစ် ပါတယ်။ Dragon Ball Z ဂိမ်းအများစုကတော့ Home Console နှင့် Handheld Console တွေမှာသာ အထွက်များပေမယ့် 8th Generation Console ခေတ်ရဲ့ trend တစ်ခုအဖြစ် JRPG ဂိမ်းတွေနဲ့ Anime စီးရီးတွေကို မှီငြမ်းထားတဲ့ ဂိမ်းတွေဟာ PC မှာပါ တွဲဖက် ထွက်ရှိလာတာနဲ့အညီ Dragon Ball Xenoverse 2 ဂိမ်းဟာ ဆိုရင်လည်း PS4, Xbox One ဂိမ်းစက်တွေအပြင် PC ရော console သစ် Nintendo Switch Version ပါထွက်လာတာ တွေ့ရပါတယ်။ ၂၀၁၅ ကစပြီးတော့ လည်း Dragon Ball Z ရဲ့ ဇာတ်လမ်းအဆက် Dragon Ball Super ကို Manga Version ရော Anime Version ပါ ဖြန့်ချိခဲ့လို့ နောက်ပိုင်း Dragon Ball ဂိမ်းသစ်အများစုကတော့ Z ဇာတ်လမ်းရော Super ဇာတ်လမ်းပါ နှစ်မျိုးလုံးပါတော့မှာ သေချာပါတယ်။ Dragon Ball Xenoverse Series ဟာ PS4 နှင့် Xbox One တို့မှာ ပထမဆုံး ထွက်ရှိလာတဲ့ 8th generation Dragon Ball Series ဖြစ်သလို Dragon Ball Z: Budokai ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ developer Dimps က ဖန်တီး ထားတာဖြစ်ပြီး Dimps ရဲ့ ၁၆ ဂိမ်းမြောက် Dragon Ball ဂိမ်းဖြစ် သလို သူတို့ရဲ့ ဒုတိယမြောက် full 3D တိုက်ပွဲတွေ ပါဝင်ထားတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

Dragon Ball Xenoverse 2 ရဲ့ ဇာတ်လမ်းကိုအခြား Dragon Ball Z ဂိမ်းတွေနဲ့ ပုံစံမတူအောင် ဖန်တီးထားပြီး ကိုယ်တိုင်စိတ်ကြိုက် customize ပြုလုပ်နိုင်တဲ့ main character ဇာတ်ကောင်နေရာကနေ ကစားရမှာပါ။ ဂိမ်းရဲ့ အဓိကလူဆိုး ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Towa နဲ့ Mira တို့ဟာ Time Breakers အမည်ရအချိန် ခရီးသွားနိုင်တဲ့စက်ကို အသုံးပြုပြီး Goku ရဲ့ တိုက်ပွဲတွေမှာ ရန်သူတွေကို ကူညီပြီး အတိတ်ကိုပြောင်း လဲအောင် စီစဉ်နေသူတွေ ဖြစ် ပါတယ်။ ရန်သူတွေကတော့
ပထမဂိမ်းကထက် ပိုများလာပြီး Turles , Lord Slug နဲ့အမည်မသိ Masked Saiyan လိုမျိုး လျှို့ဝှက် ဇာတ်ကောင်တွေလည်း ပါဝင် ထားပါတယ်။ အရင် Hub area တွေထက် ပိုကျယ်တဲ့ Conton City က Time Patroller ဇာတ်ကောင်နေရာက ကစားရမှာဖြစ်ပြီး
ပထမဂိမ်းရဲ့ အဓိကဇာတ်ကောင် နှင့် Future Trunks နဲ့ ပူးပေါင်း ပြီး အတိတ်ကတိုက်ပွဲတွေမှာ Goku ကိုကူညီဖို့အတွက် Dragon
Ball Z ဇာတ်လမ်းတွေရဲ့ အဓိကကျတဲ့ တိုက်ပွဲတွေအားလုံးမှာ ဝင်ရောက်ကစားရမှာပါ။ Story mode မှာ ကစားသူရဲ့ customizable character က Earthling , Majin၊ Namekian, Saiyan အစရှိတဲ့ race မျိုးစုံရွေးပြီး အစွမ်းတွေပြောင်းလဲ နိုင်သလို Versus mode မှာ ဆိုရင်လည်း Super Saiyan form/Upgrade form တွေကို ကြိုရွေးစရာမလိုဘဲ ဂိမ်းအတွင်းမှာ စိတ်ကြိုက်ပြောင်းလဲနိုင်မှာဖြစ်လို့ အရင်ထက်ပိုပြီး battle strategy မျိုးစုံပြောင်းလဲနိုင် မှာပါ။ ကိုယ်ရွေးချယ်ထားတဲ့ မျိုးနွယ်စုပေါ်မူတည်ပြီး race
specific quest တွေလည်း ပါဝင်ထားလို့ ဇာတ်လမ်းပြီးသွား လည်း ပြန်ကစားရတာ စိတ်ဝင် စားဖို့ ကောင်းမှာပါ။ မူရင်းဇာတ် လမ်းကိုမှီးပြီး ရေးဆွဲထားတဲ့ ဂိမ်းမို့လို့ Story Mode ကတော့ Dragon Ball Z Manga မဖတ်ဖူးသူ သို့မဟုတ် Anime မကြည့်
ဖူးသူတွေအတွက် ပိုအဆင်ပြေမှာဖြစ်ပြီး Goku နှင့် Raditz ပူးပေါင်းတဲ့အချိန် သို့မဟုတ် Frieza ရဲ့ Ginyu Force က ကမ္ဘာကို လာရောက်တိုက်ခိုက်ချိန် စတဲ့ alternate timeline တွေမှာလည်း ဝင်ရောက်ကစားနိုင်မှာ ဖြစ်ပါတယ်။

Gameplay ပိုင်းကို အရင်ကထက် ပိုသွက်အောင် လုပ်ပေး ထားပြီး ကျောက်တုံးတွေ၊ တောင်တန်းတွေနဲ့ အဆောက်အဦးတွေကိုပါ ဖျက်စီးနိုင်မယ့် full 3D destructible environments တွေ ပါဝင်ထားသလို ဇာတ်ကောင် လှုပ်ရှားမှုတွေကို အရင်ကထက် ပိုကောင်းအောင် ရေးဆွဲထားပြီး မြေကြီးပေါ်မှာဆို လမ်းလျှောက် နိုင်တာမျိုး၊ ရေထဲမှာရေကူးနိုင် တာမျိုးအစရှိတဲ့ character movement animation သစ်တွေ ပါဝင်သလို တိုက်ခိုက်နေချိန်မှာလည်း မျက်နှာအမူအရာ တွေ ပြောင်းလဲနေမယ့် facial animation သစ်တွေပါဝင်ပါတယ်။ Dragon Ball Z -Battle of Z မှာ Offline Single player နဲ့ Online Multiplayer ပဲပါဝင်ပြီး Offline Multiplayer မပါဝင်ခဲ့ပေမယ့် Xenoverse 2 မှာတော့ Split Screen Multiplayer ပြန်လည် ပါဝင်လာပါတယ်။ Online Multiplayer မှာတော့ ကစားသူ ၆ ယောက် 3 VS 3 ကစားမှာပါ။ HP Bar နဲ့ Special Attack တွေ အသုံးပြုနိုင်မယ့် ပါနေကြ Kimeter အပြင် Naruto မှာ Substitution သုံးသလို ရန်သူ နောက်ကနေ ပေါ်နိုင်အောင်နဲ့ရန်သူတိုက်ခိုက်မှုကို နိုင်အောင် အသုံးပြုရမယ့် Guard Meter စနစ်သစ် ပါဝင်ထားပါတယ်။

Dragon Ball Xenoverse 2 ဂိမ်းဟာ အရင်နှစ်တိုင်း ထွက်နေကြ Dragon Ball Z ဂိမ်း ဇာတ်လမ်းတွေပုံစံနဲ့မတူတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Single player story mode ပါဝင် ထားတဲ့အတွက် Versus Fighting နှင့် Anime ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းသစ်ဖြစ်ပါတယ်။

-နေအောင်လတ်