Dr Myanmar

ရန်ကုန်မြို့တွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်း၊ ကုသိုလ်ဖြစ်ဆေးခန်းတွေရဲ့ တည်နေရာအသေးစိတ်ကို ရှာဖွေကြည့်ရှုနိုင်မယ့်အပြင် အထူးကုဆရာဝန်ကြီးတွေရဲ့ ဆေးခန်းထိုင်ချိန်တွေကိုပါ ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ App ကို သုံးပြီး မိမိရဲ့ BMI ကို တွက်ချက်ကြည့်နိုင်မှာဖြစ်သလို Pregnancy နဲ့ပတ်သက်ပြီးလည်း တွက်ချက်ကြည့်နိုင်အောင် ဖန်တီးထားပါတယ်။ နေ့စဉ် ကျန်းမာရေးဆိုင်ရာ သတင်း၊ ဆောင်းပါးတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 5.0 နဲ့ အထက်မှာထည့်သွင်းအသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««