Download လုပ်ထားတဲ့ဖိုင်တွေကို Storage Sense က အလိုအလျောက်ဖျက်ခြင်းမှ ကာကွယ်ခြင်း

Windows 10 မှာ Disk cleanup အစားထိုးတဲ့ Storage Sense ဆိုတဲ့ နည်းပညာပါ ဝင်ပါတယ်။ Storage Sense ဆိုတာကတော့ Windows 10 မှာ အသုံးမလိုလို့ ဖျက်ထားတဲ့ recycle bin ထဲက ဖိုင်တွေနဲ့ temporary internet file တွေကို သတ်မှတ်ထားတဲ့ရက်မှာ အလိုအလျောက် ဖယ်ရှားပေးတဲ့ နည်းပညာဖြစ်ပါတယ်။

အင်တာနက်က မလိုအပ်တဲ့ ဖိုင်တွေကို ဖယ်ရှားပေးရုံတင်မဟုတ်ဘဲ download လုပ်ထားတဲ့ download folder ထဲကဖိုင်တွေကိုပါ အလိုအလျောက် ဖယ်ရှားရှင်းလင်းနိုင်တဲ့အတွက် မဖျက်နိုင်အောင် ဖော်ပြပါနည်းလမ်း အသုံးပြုပြီး တားဆီးနိုင်မှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်နည်းလမ်းကတော့ Settings ကိုဖွင့်ပါ။ Settings ကိုဖွင့်ဖို့အတွက် Win + I key ကို နှိပ်ပါ။ System page အောက်က Storage category ကို သွားပါ။ Storage category ထဲကိုရောက်ပြီဆိုရင် Change how we free up space automatically ဆိုတာနှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Delete file in my download folder ဆိုတဲ့နေရာမှာ down arrow ကို နှိပ်ပြီး Never ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဒါဆိုရင် Download folder ထဲကဖိုင်တွေကို သတ်မှတ်ထားတဲ့ရက်မှာ အလိုအလျောက် ဖျက်သွားခြင်းကနေ ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

-သီဟ