Dota 2 ရဲ့ The International ဆုကြေးစုစုပေါင်း ဒေါ်လာ ၃၄ သန်းကျော်ရှိ

ကမ္ဘာပေါ်က အကြီးမားဆုံး esports ပြိုင်ပွဲ Dota 2 ရဲ့ The International ဟာ အကျိုးအမြတ်အများဆုံး esports ပွဲစံချိန်ကို ချိုးလိုက်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ စုစုပေါင်း ဆုကြေးကတော့ ဒေါ်လာ ၃၄,၃၉၆,၀၀၀ ရှိလာပါတယ်။ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲက ဆုကြေးစုစုပေါင်းကတော့ ဒေါ်လာ ၃၄.၃ သန်းပဲ ရှိပါတယ်။

Dota 2 ဂိမ်းဖန်တီးတဲ့ Valve ဟာ COVID-19 ကပ်ရောဂါကြောင့် The International 10 ပြိုင်ပွဲကို နောက်ဆုတ်ခဲ့ရပါတယ်။ ပြိုင်ပွဲနောက်ဆုတ်လိုက်တယ်ဆိုတာ ဧပြီလအတွင်း ကြေညာခဲ့ပါတယ်။ ပြိုင်ပွဲကို ဘယ်တော့ ပြန်လုပ်မလဲဆိုတာ မကြေညာသေးပါဘူး။

The International ပြိုင်ပွဲအတွက် ဆုကြေးတွေကို Dota 2 battle pass ဝယ်ယူမှုတွေကနေ ငွေကြေးမတည်ထားပါတယ်။ Dota 2 battle pass ကတော့ ဒေါ်လာ ၉.၉၉ ကျသင့်ပါတယ်။ အဲဒီ pass တွေက level တက်တာနဲ့ ဂိမ်းအတွင်း reward နဲ့ cosmetic တွေပေးပါတယ်။

လက်ရှိ battle pass ကိုတော့ စက်တင်ဘာ ၁၉ ရက်အထိ ဝယ်ယူနိုင်တယ်လို့ Valve က ကြေညာခဲ့ဖူးပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««