
အင်ဒီဂိမ်းတွေ ထုတ်လုပ်တဲ့ Panic ဟာ Playdate လို့ခေါ်တဲ့ အဝါရောင် လက်ကိုင်ဂိမ်းစက်ကို ဖန်တီးနေတာ အချိန်ကြာပါပြီ။ ဒါပေမဲ့ Panic ကတော့ Playdate ဂိမ်းစက်အတွက် အင်ဒီဂိမ်းတွေကို ဖန်တီးနေပါတယ်။
And finally, it didn’t take long for DOOM to show up, as per tradition! This amazing effort from Nic (@NicMagnier) delighted us all — and yes, it features Crank to Chaingun™ pic.twitter.com/Rv51WDUwil
— Playdate (@playdate) August 12, 2020
အဲဒီဂိမ်းတွေထဲက တစ်ခုကတော့ Keen Games က Nic Magnier ဖန်တီးထားတဲ့ မူလ Doom ဂိမ်း ဖြစ်ပါတယ်။ Twitter ရဲ့ tweet တွေထဲမှာ ကမ္ဘာတစ်ဝန်းက developer ၂၅၀ တွင် Playdate ထုတ်ကုန်ပိုင်ဆိုင်ထားပြီး platform အတွက် ဂိမ်းနဲ့ software တွေကို ဖန်တီးနေကြတယ်လို့ Panic က ကြေညာခဲ့ပါတယ်။ Developer တစ်ဦးဖြစ်တဲ့ Ryosuke Mihara ကလည်း ဂိမ်းစက်က လက်ကိုင်ကို အသုံးပြုနိုင်တဲ့ လက်ရေးလှ tool ကိုဖန်တီးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလအတွင်း Panic က Playdate ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Playdate မှာ ဂိမ်းတွေ စုံလင်စွာ ပါလာဖို့ အားထုတ်နေတယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။
-စိုးထက်
Ref: TheVerge