Dolby Vision နည်းပညာ

Dolby Vision ဆိုတာကတော့ ဖုန်းတွေမှာ HDR အရည်အသွေးရုပ်ထွက်နဲ့ ပုံရိပ်တွေကို ကြည့်ရှုခံစားနိုင်မယ့် အဆင့်မြင့်ရုပ်ထွက်ပိုင်းဆိုင်ရာ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ HDR ရုပ်ထွက်အရည်အသွေးပိုင်းထက် ပိုမိုမြင့်မားကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ခံစားကြည့်ရှုနိုင်အောင် ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်ပေးနိုင်ပြီး မျက်နှာပြင်ကြီးမားတဲ့ နောက်ဆုံးပေါ်တီဗွီနဲ့ စမတ်ဖုန်းတွေမှာ ဒီနည်းပညာကို HDR နည်းပညာနဲ့ တွဲဖက်ကာ ထည့်သွင်းအသုံးပြုလျက်ရှိပါတယ်။

Dolby Vision နည်းပညာထောက်ပံ့ပါဝင်တဲ့ display တွေက ရုပ်ရှင်ပြကွက်တစ်ခုချင်းစီရဲ့ အလင်းတောက်ပမှု၊ contrast နဲ့ ကာလာအရည်အသွေးဆိုင်ရာ အချက်အလက်တွေကို ပိုမို စိုပြည်ကောင်းမွန်ပြီး တည်ငြိမ်တဲ့ကာလာရုပ်ထွက်နဲ့ ခံစားကြည့်ရှုနိုင်အောင် နောက်ကွယ်ကနေ အဓိက လုပ်ဆောင်ပေးပါတယ်။ Dolby Vision ကို HDR 10 နဲ့ တစ်ထပ်တည်းတူတဲ့ ရုပ်ထွက်ပိုင်းဆိုင်ရာမျိုးရရှိနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး Dolby Vision စနစ်က Ultra HD Blu-ray fomat အတွက်လည်း ထောက်ပံ့လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

Dolby Vision ရဲ့အဓိက ထောက်ပံ့ပေးတဲ့ လုပ်ဆောင်ချက်တွေကတော့ Ultravivi colors, Deep darks, Expanded Contrast, Astonishing brightness, Refined detail, Enhanced dimensionality စတဲ့ စစ်မှန်ပြီး သဘာဝကျတဲ့ ရုပ်ထွက်ကာလာအရည်အသွေး အလင်းအမှောင် စတဲ့ ခံစားမှုမျိုးနဲ့ ကြည့်ရှုခံစားနိုင်အောင် ပံ့ပိုးပေးတာဖြစ်ပြီး လက်ရှိမှာ Dolby Vision နည်းပညာကို HDR နဲ့တွဲဖက်ပြီး Dolby Vision HDR နည်းပညာ ထောက်ပံ့ပါဝင်တဲ့ဖုန်းကတော့ LG G6 ဖုန်းဖြစ်ပါတယ်။ နောက်ထပ် ဒီနည်းပညာကို အသုံးပြုထားတဲ့ ဖုန်းတွေကတော့ iPhone 11, 11 Pro, X, XS, XS Max နဲ့ XR မော်ဒယ်ဖုန်းတွေပဲဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း