Dolby Atmos ထောက်ပံ့မှုပါဝင်လာတဲ့ Sonos Arc Soundbar

Sonos က Dolby Atmos နဲ့ AirPlay 2 ထောက်ပံ့မှုပါဝင်လာတဲ့ ဒေါ်လာ ၇၉၉ တန်ဖိုးရှိ Arc ကို မိတ်ဆက်လိုက်ပါတယ်။ Arc Soundbar က Playbar နေရာ အစားဝင်မှာဖြစ်ပါတယ်။

Sonos Arc Soundbar ကို အဖြူ ဒါမှမဟုတ် အနက်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Arc မှာ grille အကွေး ပါဝင်လာပြီး ၄၅ လက်မ ရှိပါတယ်။ တီဗီအကြီးစားတွေနဲ့ တွဲဖက်နိုင်ပါတယ်။

Arc Soundbar မှာ အသံဦးတည်ရာ စုံလင်စေမယ့် driver ၁၁ ခု ပါဝင်သလို ဘဲဥပုံစံ woofer ၈ခု၊ tweeter ၃ ခုနဲ့ voice assistant (Google Assistant နဲ့ Alexa) တို့ပါဝင်လာပါတယ်။ Arc က တီဗီအစီအစဉ်နဲ့ ရုပ်ရှင်တွေမှာ အသုံးပြုတဲ့ လူသားအသံပိုင်းဆိုင်ရာအတွက် အော်စကာရထားတဲ့ အသံပိုင်းအင်ဂျင်နီယာနဲ့ ပူးပေါင်းပြီး ချိန်ညှိထားပါတယ်။

Sonos Tureplay software ကလည်း အခန်းပေါ်မူတည်ပြီး Arc ကိုချိန်ညှိပေးနိုင်ပါတယ်။ App က EQ settings ကိုချိန်ညှိပေးပါတယ်။ ဒါ့အပြင် night mode ကလည်း sound effect ပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။

စိုးထက်
Ref: MacRumors

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .