DOCA Myanmar mobile application Version အသစ်ဝန်ဆောင်မှုကို အသုံးပြုရန်ထုတ်ပြန်

DOCA Myanmar mobile application အသုံးပြုနေကြတဲ့ စားသုံးသူပြည်သူများ အနေနဲ့ စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (New consumer complaint system) ကို Version အဟောင်းမှာ နိုဝင်ဘာလ လကုန်အထိသာ ဝန်ဆောင်မှု ပေးတော့မှာဖြစ်တဲ့အတွက် DOCA Myanmar mobile application Version အသစ်ကိုသာ အသုံးပြုရန်အတွက် အသိပေးထုတ်ပြန်ခဲ့ပါတယ်။

စားသုံးသူရေးရာဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.doca.gov.mm တွင် ပါဝင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (newconsumer complaint system) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်မှ စတင်ပြီး အသုံးပြုလျက်ရှိရာမှာ DOCA Myanmar mobile application ကိုလည်း ဖော်ပြပါစနစ်အသစ်နဲ့ အသုံးပြုနိုင်ရေး version အသစ်ရေးဆွဲထားရှိပြီး ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် DOCA Myanmar mobile application version အဟောင်းကနေ တိုင်ကြားလာနေတဲ့ တိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထိသာ ဖြေရှင်းဆောင်ရွက်ပေးသွားမှာသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

DOCA app version အဟောင်းကို အသုံးပြုလျက်ရှိတဲ့ စားသုံးသူပြည်သူများအနေနဲ့ မိမိတို့ mobile phone များတွင် installed ပြုလုပ်ထားကြတဲ့ Version အဟောင်းကို ဖြုတ်ချပြီး version အသစ်ရေးဆွဲထားသော DOCA Myanmar mobile application ကိုသာ အသုံးပြုကြပါရန် မေတ္တာရပ်ခံ အသိပေးထားပါတယ်။

Version အသစ်ဖြစ်တဲ့ DOCA Myanmar mobile application အားအသုံးပြုလိုတဲ့ စားသုံးသူပြည်သူများအနေနဲ့မူ ဌာနရဲ့website www.doca.gov.mm မှာလည်းကောင်း၊ Google Play Store မှာ လည်းကောင်း အခမဲ့ download ရယူနိုင်ပါကြောင်း စားသုံးသူရေးရာဦးစီးဌာနရုံးချုပ် (နေပြည်တော်) က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««