DOCA Myanmar mobile application ဗားရှင်းအသစ်ထွက်ရှိ

စားသုံးသူရေးရာဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.doca.gov.mm မှာ ပါဝင်တဲ့ စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ်ကို စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စားသုံးသူပြည်သူတွေအနေနဲ့ ဗားရှင်းအသစ်ရေးဆွဲထားတဲ့ DOCA Myanmar mobile application ကို အသုံးပြုကြဖို့အတွက် DOCA က အသိပေးထုတ်ပြန်ထားပါတယ်။

ဗားရှင်းအသစ်နဲ့ ရေးဆွဲထားတဲ့ DOCA Myanmar mobile application ကိုတော့ www.doca.gov.mm ဝက်ဘ်ဆိုက်မှာ လည်းကောင်း၊google play store မှာလည်းကောင်း download ရယူနိုင်မယ်လို့ သိရပါတယ်။

-ကျော်ဇေယျ