DJI Ronin RS 2

နာမည်ကျော် DJI ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ DJI Ronin RS 2 ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ လက်တုန်ခါမှုကြောင့် ရုပ်ထွက်တုန်ခါခြင်းမှ ကင်းဝေးစေဖို့ ပြုလုပ်ထားတဲ့ Camera Stabilizer ဖြစ်ပါတယ်။ DSLR Camera နဲ့ ဗီဒီယိုဖိုင်တွေကို အပြေးအလွှား ရိုက်ကူးလိုသူတွေ၊ အားကစားလုပ်ဆောင်မှုတွေ ရိုက်ကူးလိုသူတွေနဲ့ မှတ်တမ်းဗီဒီယိုကို ရုပ်ထွက်တည်ငြိမ်ချောမွေ့စွာ ရိုက်ကူးလိုသူတွေ အတွက် မရှိမဖြစ်ပစ္စည်းလည်း ဖြစ်ပါတယ်။

Three-Axis Motorized Gimbal Stabilizer ကို ထည့်သွင်းထောက်ပံ့ထားပြီး ဘက်ထရီအနေနဲ့ 1950mAh Li-Po Battery ထောက်ပံ့ပေးထားတဲ့အတွက် တစ်နာရီခွဲအားသွင်းထားရင် ၁၂ နာရီကျော်ကြာ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ တင်သုံးနိုင်တဲ့ အလေးချိန်က ဆယ်ပေါင်အထိ တင်ဆောင်အသုံးပြုနိုင်လို့ DSLR, Mirrorless Camera မျိုးစုံကို အသုံးပြုနိုင်မှာပါ။ လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ထိန်းကျောင်း အသုံးပြုနိုင်အောင်လည်း ဒီဇိုင်းထုတ်ထားပါတယ်။ ကင်မရာခလုတ်တွေနဲ့ Mode တွေကိုလည်း Camera Stabilizer ပေါ်ကနေ ထိန်းချုပ်နိုင်ပါသေးတယ်။

ကာဗွန်ဖိုက်ဘာ ကိုယ်ထည်ဖြစ်ပြီး Mechanical Endpoint Range အနေနဲ့ Pan axis control: 360° continuous rotation, Roll axis control: -95° to +240°, Tilt axis control: -112° to +214° ဒီဂရီအထိ လှည့်ပတ်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ LCD အနေနဲ့ ၁.၄ လက်မအရွယ်ရှိ Full Color Touchscreen ပါဝင်မှာ ဖြစ်ပါတယ်။

Bluetooth 5.0, USB-C စတာတွေ ထောက်ပံ့ပေးထားတဲ့အတွက် iOS မှာ iOS version 11 နဲ့အထက်၊ Android မှာ Android version 7.0 နဲ့အထက်တွေမှာ ချိတ်ဆက်နိုင်ပါသေးတယ်။ အလေးချိန်ကတော့ 960g ရှိမှာ ဖြစ်ပါတယ်။ Royal Digital Camera ဖုန်း – ၀၁၈၃၉ ၈၃၇၀ မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««