DJI OSMO Pocket 2

တန်ဖိုး – ၄၉၀,၀၀၀ ကျပ် (MMK)

အားသာချက်

ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ DJI OSMO Pocket 2 ဖြစ်ပါတယ်။ နှုတ်ခမ်းနီတောင့်အရွယ်သာ ရှိပြီး အိတ်ကပ်အတွင်းမှာ ထည့်ကာ သွားလေရာကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 1/1.7″ အရွယ်ရှိ CMOS Sensor ကိုအသုံးပြုထားပြီး 3-Axis Gimbal Design ထောက်ပံ့ပေးထားပါတယ်။ 64 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် DNG File နဲ့ပါရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုပိုင်းမှာ Capture up to 4K60 Video ရရှိနိုင်ပြီး ISO အနေနဲ့ Photo ISO Range ရော Video ISO Range ပါ 100 to 6400 အထိ ရရှိနိုင်မှာပါ။ Frame Per Second အနေနဲ့ အသေးစိတ် ဖော်ပြထားခြင်းတော့ မရှိသေးပါဘူး။ 8 x zoom အထိ၊ ၉၃ ဒီဂရီ ရှုထောင့်မြင်ကွင်း ရရှိမှာဖြစ်သလို မြင်ကွင်းကျယ် အနေနဲ့ဆိုရင် ၁၈၀ ဒီဂရီ မြင်ကွင်းရရှိမှာ ဖြစ်ပါတယ်။ DJI Matrix Stereo audio zoom ပါဝင်တဲ့ directional stereo microphones လေးခုပါ ထောက်ပံ့ပေးထားပါတယ် ။
Ultra-compact 3-axis gimbal တည်ငြိမ်မှုနဲ့ 4K ကင်မရာ ပေါင်းစပ်ခြင်းအပြင် ActiveTrack 3.0, ပါ ၀င်တဲ့ စွဲမက်ဖွယ် အကျိုးသက်ရောက်မှုများ၊ AI အယ်ဒီတာ Hybrid AF 2.0 နဲ့ motion-lapse တို့ပါဝင်ပါတယ်။ LCD အနေနဲ့ 1 Fixed LCD ပါဝင်ပါတယ်။ DJI ရဲ့ Mimo app နဲ့ တွဲဖက်သုံးပြီး မိမိကိုင်ဆောင်ရာ iOS သို့မဟုတ် Android စမတ်ဖုန်းကို သုံးပြီး မိမိရိုက်ချက်ကို ကြိုတင်ရိုက်ကူးထားသောပုံစံများ၊ ကင်မရာလှုပ်ရှားမှုများ၊ အက်ပလီကေးရှင်းမှာ glamour effect များကိုထည့်ရန် စတဲ့ အခြေခံတည်းဖြတ်မှုပြုလုပ်ရန် မလိုအပ်ဘဲ တိုက်ရိုက်သုံးနိုင်ပါတယ်။ Touch တစ်ခုတည်းနဲ့ motion-lapse ကဲ့သို့ပင် သတ်မှတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် App နဲ့ပဲ တိုက်ရိုက် Live လွှင့်နိုင်ပါသေးတယ်။ မိုက်ကရိုဖုန်း လေးလုံး ပါဝင်လို့ အသံဖမ်းယူခြင်း အလွန်ကောင်းမွန်သလို ဦးတည်ချက်အတိုင်း အာရုံစူးစိုက်မှုအပေါ် အခြေခံပြီး အသံတိုးမြှင့်ပေးတဲ့ Audio Zoom နဲ့ SoundTrack တို့ကိုပါ ထည့်သွင်းပေးထားပါတယ်။

အားနည်းချက်

သေးငယ်တဲ့ ပုံရိပ်ဖမ်း Sensor နဲ့ များပြားလှတဲ့ Megapixel ကြောင့် Noise အပိုင်းမှာ အနည်းငယ် စိုးရိမ်ရတာ ရှိပါတယ်။ ပြီးတော့ ဆက်တိုက်ရိုက်ကူးရင် အားအကုန်လည်း မြန်နေတာပါ။

သုံးသပ်ချက်

အစုအဖွဲ့လိုက် ခရီးသွားဝါသနာရှင်တွေ၊ မိသားစု ခရီးသွားပုံတွေ ရလိုသူတွေနဲ့ ခရီးသွား ဘလော့ဂါတွေအတွက် အဆင်ပြေစေမယ့် စျေးနှုန်းချိုသာတဲ့ ကင်မရာဖြစ်ပါတယ်။ Live Streaming အတွက်လည်း အဆင်ပြေပြီး Shooting Modes အနေနဲ့ HDR, Panorama, Self-Portrait, Time-Lapse Movie စတာတွေ စုံလင်အောင် ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် DGN File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။Video မှာ UHD 4K60 Video ရရှိမှာ ဖြစ်ပါတယ် ။ Slow Motion Mode အနေနဲ့ 240 fps Recorded at 1920 x 1080p, 120 fps Recorded at 1920 x 1080p ရိုက်နိုင်လို အလန်းစား ဗီဒီယိုတွေ ဖန်တီးနိုင်မှာပါ။ Shutter Speed အနေနဲ့ 1 / 8000 အထိ ရရှိနိုင်ပါတယ်။

Scene Modes , Creative Effects တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှုပိုင်းမှာတော့ WiFi ရရှိနိုင်မှာဖြစ်ပါတယ်။ ရုပ်ထွက် တည်ငြိမ်စေဖို့အတွက် Ultra -Compact 3-Axis Gimbal ထောက်ပံ့ပေးထားပါတယ်။ High – Definition Panorama , Quick Capture , Activetrack 3.0 , Story Mode , Time-Lapse နဲ့ အံ့သြဖွယ် AI Editor တွေပါ ထောက်ပံ့ပေးထားပါတယ်။ Focal Length အနေနဲ့ 20MM ပေးထားပြီး Aperture အနေနဲ့ F/1.8 အထိ ချဲ့ပေးထားပါတယ်။ Card Slot တစ်ခု ပါဝင်ပြီး microSD/ microSDHC/ microSDXC (256 GB) တို့ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Rechargeable Lithium-Ion Polymer Battery Pack, 7.7-8.8 VDC, 875 mAh ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီစနစ်မှာလဲ passive cooling system ပါဝင်တဲ့အတွက် အပူကို တိတ်ဆိတ်စွာ ဖယ်ရှားပေးပြီး ပြန်လည် အားသွင်းနိုင်မှာဖြစ်ပါတယ်။ ၁.၂ နာရီ အားသွင်းပြီး မိနစ် ၁၄၀ ဆက်တိုက် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားက 124.7 x 38.1 x 30.0 mm ဖြစ်ပြီး အလေးချိန်က 117 g သာရှိပါတယ်။ တန်ဖိုးက ၄၉၀,၀၀၀ ကျပ် ဖြစ်ပြီး Royal Camera shop ဖုန်း ၀၁-၈၃၉၈၃၇၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««