DJI Osmo Mobile 4

DJI ရဲ့ နည်းပညာဖြစ်တဲ့ Three-axis gimbal stabilization စနစ်ပါ၀င်လို့ မည်သည့် အနေအထားဖြင့်မဆို ဟန်းဆက်နဲ့ လက်တည်ငြိမ်စွာ ဗီဒီယိုများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 3-Axis (Pitch, Roll, Yaw) ထောက်ပံ့ပေးထားပါတယ်။မိမိကိုင်ဆောင်နေတဲ့ ဟန်းဆက်နဲ့ ဗီဒီယို ရိုက်ကူးစဉ်မှာ လက်တုန်ခါမှုကြောင့် သော်လည်းကောင်း လမ်းလျှောက်နေရင်း ရိုက်ကူးတဲ့အခါ ရုပ်ထွက်လှုပ်ရှားခြင်းနဲ့ တုန်ခါခြင်းများကို ဖြေဖျောက်ပေးနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။

အလေးချိန် 230g +60g ရှိ ဟန်းဆက်တွေ တပ်ဆင်အသုံးပြုနိုင်မှာပါ။ ချိတ်ဆက်မှု အဖြစ် USB Type-C (2 A 5 VDC Power) Input, USB Type-A (1.3 A Power) Output ပါ၀င်ပါတယ်။ Bluetooth Low Energy 5.0 ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ Li-Ion 2450 mAh ကို အသုံးပြုထားတဲ့ အတွက် နှစ်နာရီခွဲအကြာ အားပြည့်အောင် သွင်းထားရင် ၁၅ နာရီဆက်တိုက် အသုံးပြုနိုင်မှာပါ။ အရွယ်အစား 276x 119.6x 103.6mm ဖြစ်ပြီး 390g လေးပါတယ်။
တန်ဖိုးက ၂၅၀,၀၀၀ကျပ် ဖြစ်ပါတယ်။ DJI Myanmar ကနေ တင်သွင်းတာဖြစ်ပြီး ဖုန်း – ၀၁၈၃၈၂၈၆၈ ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««