DJI Mavic Mini Combo sets

Drone စတင် ကိုင်ဆောင်အသုံးပြုလိုတဲ့ သူတွေနဲ့ ဝါသနာရှင်‌တွေအတွက် စျေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်တဲ့ DJI Mavic Mini Combo sets ဖြစ်ပါတယ်။ 1/2.3″ အရွယ်အစားရှိ CMOS Sensor ကို အသုံးပြုထားပြီး 3-Axis Gimbal ထောက်ပံ့ပေးထားတဲ့ အတွက် ဓာတ်ပုံမှာ 12MP နဲ့ ဗီဒီယိုတွေကို 2.7K Quad HD အရည်အသွေးနဲ့ တည်ငြိမ်စွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Electronic Shutter Speed အနေနဲ့ 4-1/8000s အထိ စွမ်းဆောင်နိုင်ပါတယ်။ ဓာတ်ပုံမှာ ISO 100-1600(Manual) အထိ ဗီဒီယိုမှာ Video resolution အနေနဲ့ 2.7K: 2720 x 1530 25/30p အရည်အသွေးနဲ့ ISO 100-3200(Auto) အထိ ရိုက်ကူးနိုင်မှာပါ။ ပျံသန်းနိုင်စွမ်းက အကွာအဝေး ၂.၄၉ မိုင်အထိ ပျံသန်းနိုင်ပြီး Max Ascent speed: 4m/s in sport mode, Max Descent speed: 3m/s in sport mode, Max speed: 13m/s in sport mode without wind စွမ်းဆောင်နိုင်ပါတယ်။ 2600 mAh ပမာဏရှိ ဘက်ထရီ ထောက်ပံ့ပေးထားတဲ့ အတွက် နာရီ၀က်အကြာ အထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုအတွက် iOS ရော Android OS သုံး စမတ်ဖုန်း Tablet တွေနဲ့ ချိတ်ဆက်နိုင်မှာပါ။ အရွယ်အစား 5.51 x 3.22 x 2.24 လက်မဖြစ်ပြီး အလေးချိန်က 249 g သာရှိပါတယ်။

တန်ဖိုးက ခြောက်သိန်းခုနစ်သောင်းကျပ် ဖြစ်ပြီး Royal Digital Camera ဖုန်း – ၀၁ – ၈၃၉၈၃၇၀ မှာ ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««