DJI Mavic Air ကို ၇၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမည်

DJI ဟာ ကုမ္ပဏီရဲ့ Mavic Air ဒရုန်းသစ်ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ DJI Mavic Air ဟာ အလယ်အလတ်တန်းစား ဒရုန်းတစ်မျိုးဖြစ်ပြီး ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ DJI Mavic Air ရဲ့ အသေးစိတ်အချက်အလက်တွေဟာ တရားဝင် မမိတ်ဆက်ခင်ကတည်းက ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

DJI Mavic Air ဟာ DJI Spark အသေးစားဒရုန်းထက် အရွယ်ကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။ DJI Mavc Pro စီးရီးနဲ့ နှိုင်းယှဉ်ရင် Mavic Air ဟာ အရွယ်အစား သေးငယ်ပေါ့ပါးသလို ဈေးလည်း သက်သာသွားပါတယ်။ Mavic Air ဒရုန်းသစ်ဟာ ဓာတ်ပုံနဲ့ဗီဒီယို ရိုက်ကူးမှုအပိုင်းမှာ စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ ဒါ့အပြင် အထူးကောင်းမွန်တဲ့ panorama mode ပါဝင်ပြီး 32-megapixel panorama ဓာတ်ပုံတွေ အလွယ်တကူ လျင်လျင်မြန်မြန် ရိုက်ကူးနိုင်ပါတယ်။ ဒရုန်းသစ် Mavic Air အနေနဲ့ တစ်စက္ကန့် 30 frames နဲ့ 4K ရုပ်ထွက်အရည်အသွေးရှိ ဗီဒီယိုလည်း ရိုက်နိုင်ပါသေးတယ်။

DJI Mavic Air ရဲ့အသေးစိတ်အချက်အလက်များ

  •  DJ Mavic Pro ရဲ့ အလေးချိန်နဲ့ အရွယ်အစား ထက်ဝက်ခန့်သာရှိ
  • လက်ရှိ Mavic Pro လိုမျိုး ခေါက်ထားနိုင်တဲ့ ဒေါက်လေးခုပါဝင်လာ
  • ဒရုန်းရဲ့ ဒလက်တွေကို ကိုယ်ထည်နဲ့အတူ ခေါက်ထားနိုင်
  • ဒရုန်း အရှေ့၊ အနောက်နဲ့ အောက်ဘက်မှာ အတားအဆီးတွေ ရှောင်လွှဲနိုင်တဲ့ sensor များ ပါဝင်
  • ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်မှုနဲ့ indoor ပျံသန်းမှုအတွက် Visual Positioning System (VPS) ပါဝင်လာ
  • အမူအရာနဲ့ထိန်းချုပ်အသုံးပြုမှု တိုးတက်ကောင်းမွန်လာ
  • အဖြူ၊ အနက်နဲ့ အနီဆိုပြီး အရောင်သုံးရောင်နဲ့ ထုတ်လုပ်ထား
  • DJI Goggles နဲ့ တွဲဖက်အသုံးပြုနိုင်
  • ပျံသန်းချိန် ၂၁ မိနစ်ရှိ
  • တစ်နာရီလျှင် မိုင်ပေါင်း ၄၂.၇၅ ဒါမှမဟုတ် ၆၈.၄ ကီလိုမီတာ မြန်နှုန်းရှိ
  • ၂.၅မိုင် ဒါမှမဟုတ် ၄ ကီလိုမီတာ အကွာအဝေးထိ ပျံသန်းနိုင်
  • ခါက်ထားနိုင်တဲ့ သီးခြား အဝေးထိန်းခလုတ်ပါဝင်

ကင်မရာပိုင်း

  • ½.3 CMOS sensor နဲ့ ISP (Image Signal Processor) သစ်တို့ပါဝင်လာ
  • 32 MP Sphere Panoramas
  • HDR ဓာတ်ပုံတွေရိုက်ကူးနိုင်
  • 12 MP နဲ့သက်ငြိမ်ဓာတ်ပုံ ရိုက်ကူးနိုင်
  • 100 Mbps နဲ့ 30fps နဲ့ 4K ဗီဒီယိုတွေရိုက်ကူးနိုင်
  • 1080p နဲ့ 120 fps နဲ့ Slow motion ဗီဒီယိုရိုက်ကူးနိုင်
  • Internal storage 8GB ပါဝင်
  • နည်းလမ်းသုံးခုနဲ့ အသုံးပြုနိုင်တဲ့ gimbal ပါဝင်

အဆင့်မြင့် ဒရုန်းပျံသန်းရေး feature များ

  • လူ ၁၆ ယောက်အထိ ခြေရာခံပေးနိုင်တဲ့ ActiveTrack ကို အဆင့်မြှင့်တင်ထား
  • Astroid နဲ့ Boomerang အပါအဝင် Quickshot feature ၆ ခုပါဝင်
  • ဒရုန်းပျံသန်းမှုနဲ့ ဓာတ်ပုံရိုက်ကူးမှုအတွက် လက်နဲ့ထိန်းချုပ်နိုင်တဲ့ SmartCapture ပါဝင်လာ
  • ဒရုန်းပျံသန်းစေချင်တဲ့ နေရာကို စမတ်ဖုန်းပေါ်မှာ tap လုပ်ပြီး ထိန်းချုပ်နိုင်တဲ့ TapFly feature ပါဝင်
  • ဒရုန်းမှာ အရှေ့ဘက်၊ အနောက်ဘက်နဲ့ အောက်ဘက် dual vision sensor တွေအပါအဝင် ကင်မရာ ၇ လုံးနဲ့ Flight Autonomy 2.0 ပါဝင်

တန်ဖိုး ၇၉၉ ဒေါ်လာနဲ့စတင်မယ့် DJI Mavic Air ဒရုန်းကို DJI စတိုးမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဒရုန်းပျံသန်းချိန် တစ်နာရီအထိရှိတဲ့ ဘက်ထရီအပိုနှစ်ခုပါဝင်တဲ့ Fly More Combo အပြင် ဒလက်အပိုနဲ့ အပိုတွဲဖက်စ္စည်းတွေ ဝယ်ယူပါက ၉၉၉ ဒေါ်လာအထိ ကျသင့်နိုင်ပါတယ်။ ဒီဒရုန်းကို ဇန်နဝါရီလ ၂၈ ရက်မှာ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: DroneDJ