DJI အိတ်ဆောင် ကင်မရာအသစ်

DJI ကတော့ Osmo Pocket ကိုအဆင့်မြှင့်တင်ထားတဲ့ Pocket 2 ကင်မရာကို မိတ်ဆက်လိုက်ပါတယ်။ Osmo Pocket ကင်မရာကတော့ တည်ငြိမ်တဲ့ gimbal ပါဝင်တဲ့ လက်ကိုင်ကင်မရာ အသေးစားလေး ဖြစ်ပါတယ်။ DJI ကတော့ Pocket 2 မှာတော့ sensor အရွယ်အစားကို မြှင့်တင်လိုက်ပြီး wide လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းလိုက်ပါတယ်။

Pocket 2 ရဲ့ sensor ကတော့ ပိုမို ကြီးမားလာပြီး 1/1.7 ရှိပါတယ်။ Lens အသစ်ရဲ့ field of view က ပိုမို ကျယ်ပြန့်လာပြီး full-frame sensor က 20mm နဲ့ညီမျှသလို F1.88 Lens ပါဝင်လာပါတယ်။ ဒါကြောင့် အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။

ကင်မရာ HDR ဗီဒီယို ထောက်ပံ့မှု ပါဝင်ပြီး 64 megapixel sensor မှာ 8x zoom အထိ ပါဝင်လာပါတယ်။ ဒါ့အပြင် 1080p နဲ့ ဗီဒီယိုရိုက်ကူးတဲ့အခါ 4x zoom အထိ ထောက်ပံ့ထားပါတယ်။ Pocket 2 မှာတော့ timelapses, hyperlapse နဲ့ panorama တို့လည်း ပါဝင်သလို YouTube ဒါမှမဟုတ် Facebook မှာလည်း ဗီဒီယိုတွေ တင်နိုင်ပါတယ်။

-စိုးထက်
Ref: TheNextWeb

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««