Display ႏွစ္ခုပါဝင္ၿပီး ဘက္ထရီနဲ႔ ရက္ ၃၀ ၾကာသံုးႏိုင္တဲ့ ေဒၚလာ ၂၅၀ တန္ စမတ္နာရီ

[ Zawgyi ]

အမွတ္တမဲ့ၾကည့္ရင္ေတာ့ TicWatch Pro ဟာ အျခား အမ်ိဳးသားဝတ္ စမတ္နာရီေတြနဲ႔ ဆင္တူပါတယ္။ ဒါေပမဲ့ ေသခ်ာၾကည့္မယ္ ဆိုရင္ေတာ့ ဒီစမတ္နာရီမွာ တီထြင္ဆန္းသစ္တဲ့ feature တစ္ခုကို သတိထားမိမွာပါ။ အဲ့ဒါကေတာ့ TicWatch Pro မွာ display ႏွစ္ခု ပါဝင္လာျခင္းပဲ ျဖစ္ပါတယ္။

ဒီ display ေတြကို မတူညီတဲ့ ရည္ရြယ္ခ်က္ႏွစ္မ်ိဳးနဲ႔ သံုးႏိုင္သလို နာရီကို မတူညီတဲ့ mode ႏွစ္ခုနဲ႔ ေျပာင္းလဲအသံုးျပဳႏိုင္ေစပါတယ္။ ဒါ့အျပင္ ဘက္ထရီနဲ႔လည္း ရက္ ၃၀ ၾကာ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

TicWatch Pro ကို Google နဲ႔ Volkswagen Group China တို႔လို ကုမၸဏီေတြက ေငြေၾကးေထာက္ပံ့ေပးထားတဲ့ တ႐ုတ္နည္းပညာကုမၸဏီ Mobvoi က ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ တန္ဖိုးက ေဒၚလာ ၂၅၀ ျဖစ္ၿပီး Amazon ကေန ဝယ္ယူႏိုင္ပါတယ္။

TicWatch Pro မွာ ဘယ္လိုလုပ္ေဆာင္ခ်က္ေတြ ပါဝင္သလဲဆိုတာကို ဆက္ၾကည့္ၾကရေအာင္….

TicWatch Pro မွာ Google ရဲ႕ စမတ္နာရီ operating system ျဖစ္တဲ့ Wear OS ကို အသံုးျပဳထားပါတယ္။

ဒါေၾကာင့္ Google Play Store က app ေတြကို download လုပ္ႏိုင္သလို messaging, email, ride-hailing စတဲ့ အေျခခံ စမတ္နာရီလုပ္ေဆာင္ခ်က္ေတြကို ျပဳလုပ္ႏိုင္ပါတယ္။

TicWatch Pro မွာ ေရအနက္ ၁.၅ မီတာအထိ ဝတ္ဆင္အသံုးျပဳႏိုင္တဲ့ ေရစိုခံစနစ္၊ built-in GPS နဲ႔ ႏွလံုးခုန္ႏႈန္း ေစာင့္ၾကည့္စနစ္ေတြလို လုပ္ေဆာင္ခ်က္အခ်ိဳ႕ ပါဝင္ပါတယ္။

TicWatch Pro ကို ေရထဲမွာ မိနစ္ ၃၀ ပဲ စိမ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေရကူးရင္းဝတ္ဆင္ဖို႔ မသင့္ပါဘူး။

TicWatch Pro ကို music streaming နဲ႔ NFC ေငြေပးေခ်မႈအတြက္လည္း သံုးႏိုင္ပါတယ္။ ဒါေၾကာင့္ နာရီကိုသံုးၿပီး Google Pay နဲ႔ ဝယ္ယူမႈေတြျပဳလုပ္ႏိုင္ပါတယ္။

TicWatch Pro ရဲ႕ အျခား စမတ္နာရီေတြနဲ႔မတူတဲ့အခ်က္ကေတာ့ display ႏွစ္ခု ပါဝင္လာတဲ့အခ်က္ ျဖစ္ပါတယ္။

ဒီနာရီမွာ OLED display တစ္ခုကို အေပၚကေန အလႊာထပ္ထားတဲ့ LCD display တစ္ခု ပါဝင္ပါတယ္။

ဒီ display ႏွစ္ခုဟာ Smart Mode နဲ႔ Essential Mode ဆိုၿပီး မတူညီတဲ့ mode ႏွစ္ခုအၾကား ေျပာင္းလဲအသံုးျပဳႏိုင္ေစမွာ ျဖစ္ပါတယ္။ နာရီကို Smart Mode နဲ႔သံုးတဲ့အခါ OLED display ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ Smart Mode မွာ Wear OS feature အားလံုးကို အသံုးျပဳႏိုင္ေပမယ့္ ဘက္ထရီကိုေတာ့ ႏွစ္ရက္ခန္႔ပဲ သံုးႏိုင္ပါလိမ့္မယ္။

Essential Mode နဲ႔သံုးတဲ့အခါမွာေတာ့ OLED display ရဲ႕အေပၚမွာ အလႊာထပ္ထားတဲ့ ေဖာက္ထြင္းျမင္ႏိုင္တဲ့ LCD display ကို အသံုးျပဳပါတယ္။ အဲ့ဒီအခါ အခ်ိန္၊ ရက္စြဲ၊ ေျခလွမ္းအေရအတြက္နဲ႔ heart rate monitor ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ဘက္ထရီကိုလည္း ရက္ ၃၀ ၾကာ အသံုးျပဳႏိုင္ပါလိမ့္မယ္။

ဘက္ထရီအားနည္းေနတဲ့အခါမွာ Essential Mode ကို အလိုအေလ်ာက္ေျပာင္းလဲဖို႔ သတ္မွတ္ထားႏိုင္ပါတယ္။ ဒါမွမဟုတ္ နာရီေပၚက ခလုတ္ေတြကိုသံုးၿပီး mode ႏွစ္ခုအၾကား ေျပာင္းလဲအသံုးျပဳႏိုင္ပါတယ္။

TicWatch Pro ရဲ႕တန္ဖိုးက ေဒၚလာ ၂၅၀ ျဖစ္ၿပီး Amazon ကေန ဝယ္ယူႏိုင္ပါတယ္။

လက္ရိွမွာေတာ့ (ဇူလိုင္ ၁၀ ရက္အထိ) TicWatch Pro စမတ္နာရီေတြကို Amazon က လက္က်န္မရိွေအာင္ ေရာင္းခ်ခဲ့ရၿပီး မၾကာခင္မွာ စေတာ့ေတြကို ျပန္လည္ျဖည့္တင္းသြားမယ္လို႔ သိရပါတယ္။

Ref: Insider

[ Unicode ]

အမှတ်တမဲ့ကြည့်ရင်တော့ TicWatch Pro ဟာ အခြား အမျိုးသားဝတ် စမတ်နာရီတွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ သေချာကြည့်မယ် ဆိုရင်တော့ ဒီစမတ်နာရီမှာ တီထွင်ဆန်းသစ်တဲ့ feature တစ်ခုကို သတိထားမိမှာပါ။ အဲ့ဒါကတော့ TicWatch Pro မှာ display နှစ်ခု ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။

ဒီ display တွေကို မတူညီတဲ့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ သုံးနိုင်သလို နာရီကို မတူညီတဲ့ mode နှစ်ခုနဲ့ ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။ ဒါ့အပြင် ဘက်ထရီနဲ့လည်း ရက် ၃၀ ကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

TicWatch Pro ကို Google နဲ့ Volkswagen Group China တို့လို ကုမ္ပဏီတွေက ငွေကြေးထောက်ပံ့ပေးထားတဲ့ တရုတ်နည်းပညာကုမ္ပဏီ Mobvoi က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၂၅၀ ဖြစ်ပြီး Amazon ကနေ ဝယ်ယူနိုင်ပါတယ်။

TicWatch Pro မှာ ဘယ်လိုလုပ်ဆောင်ချက်တွေ ပါဝင်သလဲဆိုတာကို ဆက်ကြည့်ကြရအောင်….

TicWatch Pro မှာ Google ရဲ့ စမတ်နာရီ operating system ဖြစ်တဲ့ Wear OS ကို အသုံးပြုထားပါတယ်။

ဒါကြောင့် Google Play Store က app တွေကို download လုပ်နိုင်သလို messaging, email, ride-hailing စတဲ့ အခြေခံ စမတ်နာရီလုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။

TicWatch Pro မှာ ရေအနက် ၁.၅ မီတာအထိ ဝတ်ဆင်အသုံးပြုနိုင်တဲ့ ရေစိုခံစနစ်၊ built-in GPS နဲ့ နှလုံးခုန်နှုန်း စောင့်ကြည့်စနစ်တွေလို လုပ်ဆောင်ချက်အချို့ ပါဝင်ပါတယ်။

TicWatch Pro ကို ရေထဲမှာ မိနစ် ၃၀ ပဲ စိမ်နိုင်ပါတယ်။ ဒါကြောင့် ရေကူးရင်းဝတ်ဆင်ဖို့ မသင့်ပါဘူး။

TicWatch Pro ကို music streaming နဲ့ NFC ငွေပေးချေမှုအတွက်လည်း သုံးနိုင်ပါတယ်။ ဒါကြောင့် နာရီကိုသုံးပြီး Google Pay နဲ့ ဝယ်ယူမှုတွေပြုလုပ်နိုင်ပါတယ်။

TicWatch Pro ရဲ့ အခြား စမတ်နာရီတွေနဲ့မတူတဲ့အချက်ကတော့ display နှစ်ခု ပါဝင်လာတဲ့အချက် ဖြစ်ပါတယ်။

ဒီနာရီမှာ OLED display တစ်ခုကို အပေါ်ကနေ အလွှာထပ်ထားတဲ့ LCD display တစ်ခု ပါဝင်ပါတယ်။

ဒီ display နှစ်ခုဟာ Smart Mode နဲ့ Essential Mode ဆိုပြီး မတူညီတဲ့ mode နှစ်ခုအကြား ပြောင်းလဲအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ နာရီကို Smart Mode နဲ့သုံးတဲ့အခါ OLED display ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Smart Mode မှာ Wear OS feature အားလုံးကို အသုံးပြုနိုင်ပေမယ့် ဘက်ထရီကိုတော့ နှစ်ရက်ခန့်ပဲ သုံးနိုင်ပါလိမ့်မယ်။

Essential Mode နဲ့သုံးတဲ့အခါမှာတော့ OLED display ရဲ့အပေါ်မှာ အလွှာထပ်ထားတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ LCD display ကို အသုံးပြုပါတယ်။ အဲ့ဒီအခါ အချိန်၊ ရက်စွဲ၊ ခြေလှမ်းအရေအတွက်နဲ့ heart rate monitor ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘက်ထရီကိုလည်း ရက် ၃၀ ကြာ အသုံးပြုနိုင်ပါလိမ့်မယ်။

ဘက်ထရီအားနည်းနေတဲ့အခါမှာ Essential Mode ကို အလိုအလျောက်ပြောင်းလဲဖို့ သတ်မှတ်ထားနိုင်ပါတယ်။ ဒါမှမဟုတ် နာရီပေါ်က ခလုတ်တွေကိုသုံးပြီး mode နှစ်ခုအကြား ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

TicWatch Pro ရဲ့တန်ဖိုးက ဒေါ်လာ ၂၅၀ ဖြစ်ပြီး Amazon ကနေ ဝယ်ယူနိုင်ပါတယ်။

လက်ရှိမှာတော့ (ဇူလိုင် ၁၀ ရက်အထိ) TicWatch Pro စမတ်နာရီတွေကို Amazon က လက်ကျန်မရှိအောင် ရောင်းချခဲ့ရပြီး မကြာခင်မှာ စတော့တွေကို ပြန်လည်ဖြည့်တင်းသွားမယ်လို့ သိရပါတယ်။

Ref: Insider