Display အတွင်းမှာ fingerprint scanner ပါဝင်တဲ့ ကမ္ဘာ့ ပထမဆုံးစမတ်ဖုန်းကို Vivo မိတ်ဆက်

ပေါက်ကြားမှုတွေ ထွက်ပေါ်ခဲ့သလို CES 2018 မှာ သရုပ်ပြသခဲ့ပြီးတဲ့နောက် Vivo က X20 Plus UD ကို တရားဝင်မိတ်ဆက် ခဲ့ပါတယ်။ ဒါကြောင့် X20 Plus UD က display အတွင်းမှာ fingerprint scanner ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာပါတယ်။

ဒီဖုန်းမှာ Clear ID 9500 sensor ပါဝင်တဲ့ AMOLED display ကို အသုံးပြုထားပါတယ်။ ကျန်တဲ့အချက်အလက်တွေက Vivo X20 Plus နဲ့ တူညီပါတယ်။


X20 Plus UD ရဲ့ screen က ၆.၄၃ လက်မ 18:9 ဖြစ်ပြီး resolution က FullHD+ (2160 x 1080 pixels) ဖြစ်ပါတယ်။ RAM က 4GB ဖြစ်ပြီး storage က 128GB ဖြစ်ပါတယ်။ Hybrid slot ကနေ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။

X20 Plus UD ရဲ့ ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ပထမကင်မရာက 12MP sensor နဲ့ f/1.8 lens ဖြစ်ပြီး ဒုတိယ ကင်မရာက 5MP ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 12MP ကင်မရာနဲ့ LED flash ပါဝင်ပါတယ်။ ဘက်ထရီက 3,905mAh ဖြစ်ပြီး USB-C connector ကနေ အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် 4G VoLTE နဲ့ Bluetooth 5.0 ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားက 165.2 x 80.02 x 7.35 mm ဖြစ်ပြီး အလေးချိန်က ၁၈၃.၁ ဂရမ်ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးက ယွမ် ၃,၅၉၈ (၅၆၅ ဒေါ်လာ) ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena