Display မွာ notch အစား ကင္မရာအတြက္ အေပါက္တစ္ခုပါတဲ့ စမတ္ဖုန္းကို Huawei ဖန္တီးေန

[ Zawgyi ]

Huawei ဟာ notch တစ္ေခတ္ကို အဆံုးသတ္ေစႏိုင္မယ့္ ထူးဆန္းတဲ့ စမတ္ဖုန္းဒီဇိုင္းတစ္မ်ိဳး ဖန္တီးေနတယ္လို႔ ကိုရီးယားမီဒီယာတစ္ခုျဖစ္တဲ့ ETNews က ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီ ဒီဇိုင္းကေတာ့ ကင္မရာအတြက္ display မွာ အေပါက္တစ္ခုေဖာက္ထားတာပဲ ျဖစ္ပါတယ္။ အဲ့ဒီ ကင္မရာအေပါက္ဟာ အရြယ္ေသးငယ္ၿပီး ေဘးပတ္ပတ္လည္မွာ screen နဲ႔ ဝန္းရံထားပါတယ္။

အင္ဂ်င္နီယာေတြဟာ အေရွ႕ဘက္ကင္မရာအတြက္ display မွာ notch ကိုထည့္သြင္းတဲ့အစား ထိပ္ဘက္က bezel ကို ေသးေအာင္လုပ္ၿပီး display မွာ ေနရာလြတ္ပိုမိုရရိွလာေစမယ့္ နည္းလမ္းကို ေတြးဆခဲ့ၾကပါတယ္။

အဲ့ဒီ စိတ္ကူးသစ္ဟာ ျပႆနာသစ္တစ္ခုလည္း ျဖစ္လာႏိုင္ပါတယ္။ App ေတြ အလုပ္လုပ္ပံုနဲ႔ screen ေနရာလြတ္ကို ဘယ္လိုအသံုးခ်မလဲ ဆိုတာကလည္း ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ ETNews က ေဖာ္ျပခဲ့တဲ့ ဒီဇိုင္းပံုမွာေတာ့ ထိပ္ဘက္ bezel က အလြန္ေသးငယ္ၿပီး အဲ့ဒီ bezel မွာ တယ္လီဖုန္းနားခြက္၊ ambient sesor နဲ႔ proximity sensor တို႔ထည့္သြင္းထားပံုကို ျပသထားပါတယ္။

ေလ့လာသူေတြကေတာ့ NEX S နဲ႔ Find X တို႔မွာ ထည့္သြင္းထားတဲ့ vivo နဲ႔ Oppo တို႔ရဲ႕ ကင္မရာဒီဇိုင္းေတြက အနည္းငယ္ထူးျခားေပမယ့္ ပိုၿပီး အဆင္ေျပေစတဲ့ နည္းလမ္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဘယ္ Huawei ထုတ္ကုန္မွာ ဒီလိုဒီဇိုင္း ပါဝင္လာမလဲဆိုတာကိုေတာ့ ETNews က မေဖာ္ျပခဲ့ပါဘူး။

Ref: GSMArena

[ Unicode ]

Huawei ဟာ notch တစ်ခေတ်ကို အဆုံးသတ်စေနိုင်မယ့် ထူးဆန်းတဲ့ စမတ်ဖုန်းဒီဇိုင်းတစ်မျိုး ဖန်တီးနေတယ်လို့ ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ ETNews က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ ဒီဇိုင်းကတော့ ကင်မရာအတွက် display မှာ အပေါက်တစ်ခုဖောက်ထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ကင်မရာအပေါက်ဟာ အရွယ်သေးငယ်ပြီး ဘေးပတ်ပတ်လည်မှာ screen နဲ့ ဝန်းရံထားပါတယ်။

အင်ဂျင်နီယာတွေဟာ အရှေ့ဘက်ကင်မရာအတွက် display မှာ notch ကိုထည့်သွင်းတဲ့အစား ထိပ်ဘက်က bezel ကို သေးအောင်လုပ်ပြီး display မှာ နေရာလွတ်ပိုမိုရရှိလာစေမယ့် နည်းလမ်းကို တွေးဆခဲ့ကြပါတယ်။

အဲ့ဒီ စိတ်ကူးသစ်ဟာ ပြဿနာသစ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ App တွေ အလုပ်လုပ်ပုံနဲ့ screen နေရာလွတ်ကို ဘယ်လိုအသုံးချမလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ETNews က ဖော်ပြခဲ့တဲ့ ဒီဇိုင်းပုံမှာတော့ ထိပ်ဘက် bezel က အလွန်သေးငယ်ပြီး အဲ့ဒီ bezel မှာ တယ်လီဖုန်းနားခွက်၊ ambient sesor နဲ့ proximity sensor တို့ထည့်သွင်းထားပုံကို ပြသထားပါတယ်။

လေ့လာသူတွေကတော့ NEX S နဲ့ Find X တို့မှာ ထည့်သွင်းထားတဲ့ vivo နဲ့ Oppo တို့ရဲ့ ကင်မရာဒီဇိုင်းတွေက အနည်းငယ်ထူးခြားပေမယ့် ပိုပြီး အဆင်ပြေစေတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ် Huawei ထုတ်ကုန်မှာ ဒီလိုဒီဇိုင်း ပါဝင်လာမလဲဆိုတာကိုတော့ ETNews က မဖော်ပြခဲ့ပါဘူး။

Ref: GSMArena