Display ဒီဇိုင္းအေျပာင္းအလဲေၾကာင့္ Samsung Galaxy Note 9 ျဖန္႔ခ်ိခ်ိန္ ေႏွာင့္ေႏွးဖြယ္ရိွ

[Zawgyi]

အသစ္ထြက္ရိွမယ့္ Samsung Galaxy Note 9 phablet ဟာ စမတ္ဖုန္းရဲ႕ display ဒီဇိုင္းကို ေျပာင္းလဲမယ့္ ဆံုးျဖတ္ခ်က္ေၾကာင့္ ျဖန္႔ခ်ိခ်ိန္ ေႏွာင့္ေႏွးဖြယ္ရိွေနပါတယ္။

ေမလ ၃၁ ရက္ (ၾကာသပေတးေန႔) မွာ ေတာင္ကိုရီးယားသတင္းဆိုက္ The Bell ရဲ႕ ေဖာ္ျပခ်က္အရ Samsung Electronics ဒုဥကၠ႒ Lee Jae-young ဟာ ေနာက္ဆံုးမိနစ္မွာ ဒီဇိုင္းေျပာင္းလဲဖို႔ ညႊန္ၾကားခဲ့တာေၾကာင့္ Note 9 ကို ျဖန္႔ခ်ိမယ့္အခ်ိန္က ရက္သတၱပတ္ ႏွစ္ပတ္ခန္႔ ေႏွာင့္ေႏွးဖြယ္ရိွတယ္လို႔ သိရပါတယ္။

Lee ဟာ Samsung Display ရဲ႕OLED display panel ေတြကိုသံုးထားတဲ့ Oppo နဲ႔ Vivo ဖုန္းေတြရဲ႕ အေတြ႕အႀကံဳကို ရရိွႏိုင္မယ့္ တ႐ုတ္ႏိုင္ငံက စမတ္ဖုန္းျဖန္႔ျဖဴးေရာင္းခ်ေရး စင္တာတစ္ခုကို လည္ပတ္ခဲ့ၿပီးတဲ့ေနာက္ Galaxy Note 9 ရဲ႕ display ေျပာင္းလဲျပင္ဆင္မယ့္ စိတ္ကူးအႀကံဉာဏ္ကို ရရိွခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

Samsung ရဲ႕ တာဝန္ရိွသူဟာ တ႐ုတ္ထုတ္ ဟန္းဆက္ေတြက Samsung ထုတ္ Note အမွတ္တံဆိပ္ ဖုန္းေတြထက္ လက္ထဲမွာ ကိုင္ေဆာင္တဲ့အခါ ပိုၿပီး သက္ေသာင့္သက္သာရိွတာကို သတိထားမိခဲ့တာျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ အသစ္ထြက္မယ့္ Note စမတ္ဖုန္းမွာ အဆင့္ျမွင့္တင္မႈအခ်ိဳ႕ျပဳလုပ္မယ့္ စိတ္ကူးကို ရရိွခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

Samsung Display ဟာ Note 9 အတြက္ ၆.၃၈ လက္မ display panel ေတြကို ဧၿပီလမွာ အလံုးအရင္းနဲ႔ စတင္ထုတ္လုပ္ခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြက ဒီလအေစာပိုင္းမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က Note 8 နဲ႔ ႏိႈင္းယွဥ္ရင္ Samsung က Note 9 အတြက္ အလံုးအရင္းထုတ္လုပ္မႈကို ႏွစ္လေစာၿပီး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Note 9 ရဲ႕ ထုတ္လုပ္မႈဟာ ေမွ်ာ္မွန္းတာထက္ ေစာခဲ့တာေၾကာင့္ Samsung အေနနဲ႔ Note 9 ကို အရင္ေမာ္ဒယ္ထက္ ေစာလ်င္စြာ ျဖန္႔ခ်ိဖို႔ ရည္မွန္းထားတယ္ဆိုၿပီး နည္းပညာဆုိက္မ်ားစြာက ေဖာ္ျပခဲ့ၾကပါတယ္။ ဒါ့အျပင္ Note 9 ကို ဇူလိုင္လကုန္ ဒါမွမဟုတ္ ၾသဂုတ္လအေစာပိုင္းမွာ မိတ္ဆက္သြားဖို႔ရိွတယ္ဆိုၿပီး ေကာလာဟလသတင္းေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီသတင္းေတြအတိုင္း ျဖစ္လာဖို႔က မေသခ်ာေတာ့ပါဘူး။ Lee ဟာ OLED panel ရဲ႕အထူကို ၀.၅ မီလီမီတာ ေလွ်ာ့ခ်ဖို႔လိုတယ္လို႔ ညႊန္ၾကားခဲ့ပါတယ္။ ဒါဟာ အခ်ိန္ယူရမွာျဖစ္ေပမယ့္ Note 9 အတြက္ အက်ိဳးေက်းဇူးေတြ ျဖစ္ထြန္းေစမွာျဖစ္ပါတယ္။ ပါးလ်တဲ့ display ေၾကာင့္ ဖုန္းကို အခ်ိန္ၾကာျမင့္စြာ သက္ေသာင့္သက္သာနဲ႔ ကိုင္တြယ္အသံုးျပဳႏိုင္ေစမွာ ျဖစ္တယ္လို႔သိရပါတယ္။

-ေနာင္ေနာင္
Ref: IBTimes

 

[Unicode]

အသစ်ထွက်ရှိမယ့် Samsung Galaxy Note 9 phablet ဟာ စမတ်ဖုန်းရဲ့ display ဒီဇိုင်းကို ပြောင်းလဲမယ့် ဆုံးဖြတ်ချက်ကြောင့် ဖြန့်ချိချိန် နှောင့်နှေးဖွယ်ရှိနေပါတယ်။

မေလ ၃၁ ရက် (ကြာသပတေးနေ့) မှာ တောင်ကိုရီးယားသတင်းဆိုက် The Bell ရဲ့ ဖော်ပြချက်အရ Samsung Electronics ဒုဥက္ကဋ္ဌ Lee Jae-young ဟာ နောက်ဆုံးမိနစ်မှာ ဒီဇိုင်းပြောင်းလဲဖို့ ညွှန်ကြားခဲ့တာကြောင့် Note 9 ကို ဖြန့်ချိမယ့်အချိန်က ရက်သတ္တပတ် နှစ်ပတ်ခန့် နှောင့်နှေးဖွယ်ရှိတယ်လို့ သိရပါတယ်။

Lee ဟာ Samsung Display ရဲ့OLED display panel တွေကိုသုံးထားတဲ့ Oppo နဲ့ Vivo ဖုန်းတွေရဲ့ အတွေ့အကြုံကို ရရှိနိုင်မယ့် တရုတ်နိုင်ငံက စမတ်ဖုန်းဖြန့်ဖြူးရောင်းချရေး စင်တာတစ်ခုကို လည်ပတ်ခဲ့ပြီးတဲ့နောက် Galaxy Note 9 ရဲ့ display ပြောင်းလဲပြင်ဆင်မယ့် စိတ်ကူးအကြံဉာဏ်ကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Samsung ရဲ့ တာဝန်ရှိသူဟာ တရုတ်ထုတ် ဟန်းဆက်တွေက Samsung ထုတ် Note အမှတ်တံဆိပ် ဖုန်းတွေထက် လက်ထဲမှာ ကိုင်ဆောင်တဲ့အခါ ပိုပြီး သက်သောင့်သက်သာရှိတာကို သတိထားမိခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အသစ်ထွက်မယ့် Note စမတ်ဖုန်းမှာ အဆင့်မြှင့်တင်မှုအချို့ပြုလုပ်မယ့် စိတ်ကူးကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Samsung Display ဟာ Note 9 အတွက် ၆.၃၈ လက်မ display panel တွေကို ဧပြီလမှာ အလုံးအရင်းနဲ့ စတင်ထုတ်လုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဒီလအစောပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Note 8 နဲ့ နှိုင်းယှဉ်ရင် Samsung က Note 9 အတွက် အလုံးအရင်းထုတ်လုပ်မှုကို နှစ်လစောပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Note 9 ရဲ့ ထုတ်လုပ်မှုဟာ မျှော်မှန်းတာထက် စောခဲ့တာကြောင့် Samsung အနေနဲ့ Note 9 ကို အရင်မော်ဒယ်ထက် စောလျင်စွာ ဖြန့်ချိဖို့ ရည်မှန်းထားတယ်ဆိုပြီး နည်းပညာဆိုက်များစွာက ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် Note 9 ကို ဇူလိုင်လကုန် ဒါမှမဟုတ် သြဂုတ်လအစောပိုင်းမှာ မိတ်ဆက်သွားဖို့ရှိတယ်ဆိုပြီး ကောလာဟလသတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီသတင်းတွေအတိုင်း ဖြစ်လာဖို့က မသေချာတော့ပါဘူး။ Lee ဟာ OLED panel ရဲ့အထူကို ၀.၅ မီလီမီတာ လျှော့ချဖို့လိုတယ်လို့ ညွှန်ကြားခဲ့ပါတယ်။ ဒါဟာ အချိန်ယူရမှာဖြစ်ပေမယ့် Note 9 အတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ပါးလျတဲ့ display ကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ သက်သောင့်သက်သာနဲ့ ကိုင်တွယ်အသုံးပြုနိုင်စေမှာ ဖြစ်တယ်လို့သိရပါတယ်။

-နောင်နောင်
Ref: IBTimes