
Disney ရဲ့ Mulan ရုပ်ရှင်ကို Disney Plus မှာ ၂၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူပြီး ကြည့်နိုင်မယ်လို့ သိရပါတယ်။
“Disney+ လစဉ်ကြေးပေးသွင်းသူတွေ ရုပ်ရှင်ကို တစ်ခါဝယ်ယူလိုက်တာနဲ့ အလိုရှိသလို ကြည့်နိုင်မယ်” လို့ Disney Plus ကိုယ်စားလှယ်တစ်ဦးက အတည်ပြုလိုက်ပါတယ်။
Mulan ဇာတ်ကားကို စက်တင်ဘာ ၄ ရက်မှာ အမေရိကန် အပါအဝင် နိုင်ငံအချို့အတွက် ဖြန့်ချိမယ်လို့ Disney စီအီးအို ဘော့ချာပတ်က တတိယမြောက် သုံးလပတ် ဝင်ငွေအစည်းအဝေးမှာ ပြောထားပါတယ်။ တစ်ပြိုင်နက်တည်းပဲ Disney Plus မထောက်ပံ့ထားတဲ့ နေရာတွေမှာ Mulan ရုံတင်ပြသပါမယ်။
Mulan ရုပ်ရှင်ကို မူလက မတ် ၂၇ ရက်မှာ ပြသဖို့ စီစဉ်ထားပေမယ့် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရပါတယ်။
အခြားစတူဒီယိုဖြစ်တဲ့ Universal နဲ့ Warner Bros. တို့ကလည်း Trolls : World Tour နဲ့ Scoob တို့ကို platform အမျိုးမျိုးမှာ ငှားရမ်းတာနဲ့ ရောင်းချတာတွေ အောင်မြင်စွာ လုပ်နိုင်ပါတယ်။
-စိုးထက်
Ref: Insider