Disney Plus ကိုလစဉ်ကြေးပေးသွင်း ကြည့်ရှုသူ ၂၈.၆ သန်းအထိ ရှိလာ

Disney Plus ရဲ့အိပ်မက်တွေက အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်ပါတယ်။ Disney ဟာ Disney Plus ဝန်ဆောင်မှုကို စတင်ထုတ်လွှင့်စဉ်ပြီး ၅ နှစ်အကြာ လစဉ်ကြေးပေးသွင်း ကြည့်ရှုသူ သန်း ၆၀ နဲ့ သန်း ၉၀ ကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုအခါ Disney Plus ကိုစတင်ဖြန့်ချိပြီး ၃ လ အကြာမှာတော့ ဝန်ဆောင်မှုကို လစဉ်ကြေးပေးသွင်း ကြည့်ရှုသူ ၂၈.၆ သန်း ရှိလာပါတယ်။

ကမ္ဘာပေါ်မှာ လစဉ်ကြေးပေးသွင်းကြည့်ရှုသူ အများဆုံး ဗီဒီယိုဝန်ဆောင်မှု Netflix ဟာ သုံးစွဲသူ ၁၆၇ သန်းရှိပြီး အမေရိကန်က ကြည့်ရှုသူ ၆၁ သန်း ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းကို ကြေညာမှုအတွင်း Disney Plus အဖွဲ့ဝင် ၂၈.၆ သန်း ရှိတယ်လို့ တနင်္လာနေ့က ကြေညာသွားတာ ဖြစ်ပါတယ်။ Disney Plus ရဲ့မူရင်းအစီအစဉ် The Mandalorian နောက်ဆုံးပိုင်းပြသစဉ်က အဖွဲ့ဝင် ၂၆.၅ သန်းရှိပါဝင်တယ်။ နောက်ဆုံးပိုင်းလွှင့်ပြီး သိပ်မကြာခင်မှာပဲ ဒီဇင်ဘာလ ၂၈မှာ သုံးလပတ်ဘဏ္ဍာရေးစာရင်းကို ပိတ်ခဲ့ပါတယ်။

Disney Plus မှာ Disney ကထုတ်လုပ်သမျှ အရာအားလုံးရှိပါတယ်။ Star Wars ရုပ်ရှင်တွေအပြင် Marvel, Pixar ရုပ်ရှင်တွေနဲ့ မိသားစုရုပ်ရှင်တွေအပြင် Disney ကထွက်ရှိထားတဲ့ ဇာတ်ကားတွေနဲ့ The Simpsons လိုမျိုး လူကြိုက်များတဲ့ တီဗီအစီအစဉ်တွေလည်း ရှိပါတယ်။

စိုးထက်
Ref: CNET