Disney+ လစဉ်ကြေးပေးသွင်း အသုံးပြုသူ သန်း ၅၀ ကျော်ရှိလာ

Disney+ ကို လစဉ်ကြေးပေးသွင်း အသုံးပြုသူ သန်း ၅၀ ကျော် ရှိတယ်လို့ Walt Disney ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

Disney+ ကို လွန်ခဲ့တဲ့ ၅ လက မိတ်ဆက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မှ လစဉ်ကြေးပေးသွင်း အသုံးပြုသူ ၂၈.၆ သန်းရှိပါတယ်။

အခကြေးပေးသွင်းအသုံးပြုသူတွေထဲမှာ Disney အတွက် ဝင်ငွေမရရှိတဲ့ သုံးစွဲသူတွေလည်း ပါဝင်လာပါတယ်။ Verizon ကလည်း တချို့သုံးစွဲသူတွေ အတွက် Disney+ အခမဲ့ တစ်နှစ်အသုံးပြုခွင့်ကို ပေးထားပါတယ်။ အိန္ဒိယက လစဉ်ကြေးပေးသွင်းသူ ၈ သန်း အတွက် Disney+ ကပြီးခဲ့တဲ့အပတ်က Hotstar အစိတ်အပိုင်းတစ်ရပ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ Disney က Fox ကိုဝယ်ယူလိုက်တာကြောင့် အစိတ်အပိုငးတစ်ခုဖြစ်တဲ့ Hotstar ကိုလည်းပိုင်ဆိုင်သွားပါတယ်။

Disney အနေနဲ့ “The Mandalorian” အပြီးမှာ မူရင်းအစီအစဉ်တွေ ထွက်ရှိဖို့ နှေးကွေးနေပြီး “Frozen 2”, “Onward” ထွက်ရှိထားပါတယ်။ မြန်ဆန်တဲ့နှုန်းနဲ့ အသစ်ထွက်ရှိမယ့် “Artemis Fowl” ကတော့ ထွက်လာနိုင်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ရုပ်ရှင်ရုံတွေ ပိတ်နေတာကြောင့် Disney က အစီအစဉ်တွေကို မြန်မြန်ဆန်ဆန် ဖြန့်ချိနိုင်ပါတယ်။

Disney+ ဝန်ဆောင်မှုကို အပြည်ပြည်ဆိုင်ရာဆီ တိုးချဲ့နေကာ ယူကေ၊ အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဩစတြေးလျားနဲ့ ဆွစ်ဇာလန်နိုင်ငံအထိပါတိုးချဲ့နေပါတယ်။

စိုးထက်
Ref: TechCrunch