Dishonored: Death of the Outsider

Developer : Arkane Studio
Publisher: Bethesda Softworks
Genre: First Person Stealth/Action
Platform(s): PC, PS4, Xbox One
Release Date: September 15, 2017
Gameplay – 9
Story – 7.5
Graphics – 8.5
Presentation – 8.5
Final Score – 8 out of 10

Video game developer တွေဟာ မတူညီတဲ့ဂိမ်းအမျိုးအ စားနှစ်ခုကို လိုက်ဖက်ညီအောင် ပူးပေါင်းဖို့ အမြဲကြိုးပမ်းလေ့ ရှိပေမယ့် ငွေကြေးအရရော ပရိသတ်အားပေးမှုအရပါ ပူးတွဲအောင်မြင်လေ့ သိပ်မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ First Person Shooter နဲ့ Role Playing Games ကစားနည်းပုံစံတွေ ပေါင်းစပ်ထားတဲ့ Borderlands လို ဂိမ်းစီးရီးတွေကလည်း ပရိသတ် အားပေးမှုရရှိခဲ့သလို အခု First Person Stealth gameplay နဲ့ Action gameplay ပုံစံတွေ ပေါင်းစပ်ထားတဲ့ Open World ဂိမ်းဖြစ်တဲ့ Dishonored စီး ရီးဟာလည်း ၂၀၁၂ ခုနှစ်စတင် ထွက်ရှိချိန်ကတည်းက ပရိသတ် စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ ကစား နည်းပုံစံနှစ်ခုကို ပေါင်းစပ်ရာမှာ အမှတ်တမဲ့ကြည့်ရင် လွယ်သလို ထင်ရပေမယ့် မတူညီတဲ့ ဂိမ်းပုံစံနှစ်ဖက်စလုံးရဲ့ ပရိသတ်နှစ်ဖွဲ့လုံးဆီက ကျေနပ်မှုရရှိဖို့ကတော့မ လွယ်တဲ့အချက် ဖြစ်ပါတယ်။ Dishonored ဂိမ်းတွေမှာဆိုရင် လည်း အရင် Hitman တို့ Splinter Cell တို့လို third person viewpont ကနေ မြင်နေကျ Stealth gameplay ကို first person viewpoint ဖြင့် မြင်ရမှာဖြစ်သလို Bio Shock လိုမျိုး သဘာဝလွန်အစွမ်းတွေ လည်း ထည့်သွင်းအသုံးပြုထား တာတွေ့ရမှာပါ။ Bethesda Softworks ရဲ့ Dishonored ဂိမ်းတွေဟာ ပင်မ 1 နှင့် 2 တို့အပြင် DLC တွေထွက်ရှိခဲ့ပြီး အခု စက်တင်ဘာလမှာ ထွက်ရှိလာတဲ့ Dishonored: Death of the Outsider ကတော့ တတိယဂိမ်း လို့လည်း ခေါ်နိုင်သလို expansion အကြီးစားလို့လည်း ခေါ်နိုင်မယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။

Dishonored: Death of the Outsider ဂိမ်းဟာ အရင်ဂိမ်းတွေလို 60$ မဟုတ်ဘဲ 30$ နဲ့ ရောင်းချတဲ့အတွက်ကြောင့် missions တွေ တစ်ဝက်ထက်ပို နည်းမယ်ထင်ရပေမယ့် ပင်မ storyline ရဲ့ gameplay နည်းနည်းတိုပေမယ့် အချိန်အကြာကြီး အေးအေးဆေးဆေး ကစားရမယ့် side quests တွေ အများကြီးပါလာ ပါတယ်။ Dishonored ဂိမ်းစီးရီးရဲ့ ဇာတ်လမ်းအစမှာတော့ကစား သူရဲ့ဇာတ်ကောင် Corvo Attano ဟာ ဘုရင်မ Jessamine Kaldwin ရဲ့ သက်တော်စောင့်ဖြစ်ပြီး အာဏာလုလိုသူ လူတစ်စု၏စီစဉ်မှုကြောင့် ဘုရင်မကို လုပ်ကြံသတ်ဖြတ်သူအဖြစ် သေဒဏ်ချမှတ် ခြင်းခံရသည့်နေရာမှ ဂိမ်းဇာတ်လမ်းကို ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ Corvo ဟာမိမိ ဖမ်းဆီးခံထားရတဲ့ အကျဉ်းထောင်မှ လွတ်မြောက်အောင် ပြေးရမှာဖြစ်ပြီး ဘုရင်မ၏ ဘက်တော်သားများရဲ့ အကူအညီနဲ့ ရန်သူတွေကို ပြန်လည်လုပ်ကြံ သတ်ဖြတ်ရမှာဖြစ်သလို သမီးတော် Princess Emily ကိုလည်း ပြန်လည်ရှာဖွေရဦးမှာ ဖြစ်ပါတယ်။ Dishonored 2 မှာတော့ Corvo အပြင် Princess Emily ကိုပါ ကိုင်တွယ်ပြီးကစားရမှာဖြစ်သလို Death of the Outsider မှာတော့ ဒုတိယမြောက်ဂိမ်းရဲ့ boat captain ဖြစ်သူ Billie Lurk နေရာက ဝင်ရောက်ကစား ရမှာပါ။ Stealth အသားပေး ဂိမ်းတစ် ခုဖြစ်တဲ့အတိုင်း ရန်သူတွေမမြင်အောင် အဓိကသွားလာရမှာဖြစ်ပေမယ့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မယ် ဆိုလည်းရန်သူတွေကို နှိမ်နင်းစရာနည်းလမ်းတွေ အများကြီး ရှိတာတွေ့ရမှာပါ။ Billie Lurk ရဲ့ Skills တွေထဲမှာဆို Displace လို့ခေါ်တဲ့ အနီးကပ် teleportation အစွမ်းတွေ၊ ရန်သူတွေကို အနားဆွဲ ခေါ်နိုင်မယ့် Hook mine တွေ၊ ပတ်ဝန်းကျင်မှာ ရှိသူတွေရဲ့ မျက်နှာကို ရုပ်ဖျက်နိုင်မယ့်အစွမ်းနဲ့ Stealth gameplay အတွက် အ သုံးဝင်မယ့် နံရံကို ဖောက်မြင်ရတဲ့ Dark Vision လိုမျိုးအစွမ်းတွေ ပါဝင်ပါတယ်။ အရင်လိုတော့ Rune နဲ့ upgrades တွေ သီးသန့်မပါတော့ပေမယ့် main story ပြီးသွားရင် original game plus မှာတော့ Dishonored 2 က ability တွေကို အသုံးချနိုင်မှာပါ။ လုံးဝ Open World ကြီးမဟုတ်ပေမယ့် မိမိကစားတဲ့ ပုံစံပေါ်မူတည်ပြီး မြို့အတွင်း အဖြစ်အပျက်တွေနဲ့ side mission တစ်ခုချင်းစီရဲ့ ကစားရမယ့် ပုံစံများပြောင်းလဲ သွားမှာဖြစ်တဲ့အတွက်gameplay style တစ်မျိုးကို အရင်သေချာ ရွေးချယ်ပြီး ကစားတာက ပိုစိတ်ဝင်စားဖို့ကောင်းမှာပါ။

Dishonored: Death of the Outsider ဟာ Art design ပိုင်းထူးခြားပြီး gameplay ပိုင်းဟာလည်း မတူညီတဲ့ ပုံစံမျိုးစုံကို ကောင်းမွန်စွာ ပေါင်းစပ်ထားနိုင်တဲ့အတွက် stealth ဂိမ်းနှစ်သက်သူတွေရော action ဂိမ်းတွေ နှစ်သက်သူတွေ ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။

-နေအောင်လတ်