Discover ACE 2017 Conference ကျင်းပ

စီးပွားရေးလုပ်ငန်းသုံး အိုင်တီနည်းပညာတွေကို ပြသခဲ့တဲ့ Discover ACE 2017 Conference ကို စက်တင်ဘာလ ၇ ရက်က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ဆော့ဖ်ဝဲနဲ့ နည်းပညာတွေကို ပြသခဲ့တာဖြစ်ပြီး နည်းပညာ ဆိုင်ရာဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့အရင်း အနှီးဈေးကွက်ဆိုင်ရာ လုပ်ငန်းတွေ၊ လက်လီလက်ကား ကုန်စည်ဖြန့်ဝေရောင်းချမှု လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းတွေ၊ ဟိုတယ် ခရီးသွားနဲ့ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေ၊ ကျန်းမာရေး စောင့်ရှောင်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြသထားတာတွေ့ရပါတယ်။

-ထွန်းထွန်း