Discord လိုမျိုး အဖွဲ့လိုက် voice chat လုပ်နိုင်တဲ့ Telegram

Telegram ဟာ Discord room နဲ့ဆင်တဲ့ group voice chat လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ Voice chat တွေက ရှိပြီးသား text စာပို့ထဲက အစိတ်အပိုင်း ဖြစ်ပြီး သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ စကားပြောနိုင်ပါတယ်။

သူတို့ကို အမြဲတမ်း ရှိနေရင် Discord room ဒါမှမဟုတ် call လိုမျိုး စကားပြောရုံပါပဲ။ Telegram ကတော့ သုံးစွဲသူ ထောင်ပေါင်းများစွာ အထိ ထောက်ပံ့ပေးပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွက် group အကြီးအတွက် voice chat တွေကို ထောက်ပံ့ပေးပါမယ်။ အခု လုပ်ဆောင်ချက်ကတော့ group chat ထဲမှာ ပါဝင်လာပြီး လွတ်လွတ်လပ်လပ် စကားပြောနိုင်ပါတယ်။

Telegram ရဲ့ Windows နဲ့ Mac မှာလည်း voice chat ထောက်ပံ့ပေးထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««