Discord ပံုစံ chat feature သစ္ေတြကို သံုးစြဲသူအားလံုးထံ Steam ျဖန္႔ခ်ိ

[ Zawgyi ]

Steam ဟာ text နဲ႔ voice feature သစ္ေတြအျပင္ update လုပ္ထားတဲ့ friends list ကို သံုးစြဲသူအားလံုးအတြက္ ျဖန္႔ခ်ိလိုက္ပါတယ္။

Valve ပိုင္ဆိုင္တဲ့ ဗီဒီယိုဂိမ္းပလက္ေဖာင္းဟာ နာမည္ေက်ာ္ chat app ျဖစ္တဲ့ Discord နဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ပိုမိုႀကိဳးပမ္းလာခဲ့ၿပီး Discord ပံုစံ feature ေတြကို ဇြန္လက Steam client မွာ ထည့္သြင္းခဲ့ကာ beta ဗားရွင္းတစ္ခုကို ျဖန္႔ခ်ိခဲ့ပါတယ္။ အခုအခါမွာေတာ့ အဲ့ဒီ feature ေတြကို Steam သံုးစြဲသူအားလံုးထံ ျဖန္႔ခ်ိေပးလိုက္တာ ျဖစ္ပါတယ္။

ဒီ update သစ္မွာ ဒီဇိုင္းနဲ႔ chat လုပ္ေဆာင္ခ်က္ေတြကို အဓိကထား ျပင္ဆင္ထားပါတယ္။ အခုအခါမွာ သံုးစြဲသူေတြဟာ Steam Chat က သူငယ္ခ်င္းေတြနဲ႔အတူ GIF ေတြအျပင္ social နဲ႔ video link ေတြကို ေဝမွ်ႏိုင္ပါတယ္။ သူငယ္ခ်င္းေတြကို favorites အလိုက္ စီထားႏိုင္သလို ဂိမ္းအလိုက္ ဒါမွမဟုတ္ ပါတီအလိုက္ group ဖြဲ႕ထားႏိုင္ပါတယ္။ ဒါ့အျပင္ Steam Chat မွာ built-in voice chat ပါဝင္လာပါတယ္။

အဆိုပါ update ကို Steam client beta သံုးစြဲသူေတြထံ ျဖန္႔ခ်ိေပးမွာျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ သံုးစြဲသူအားလံုးအတြက္ ျဖန္႔ခ်ိေပးသြားမယ္လို႔ သိရပါတယ္။

Ref: TheVerge

[ Unicode ]

Steam ဟာ text နဲ့ voice feature သစ်တွေအပြင် update လုပ်ထားတဲ့ friends list ကို သုံးစွဲသူအားလုံးအတွက် ဖြန့်ချိလိုက်ပါတယ်။

Valve ပိုင်ဆိုင်တဲ့ ဗီဒီယိုဂိမ်းပလက်ဖောင်းဟာ နာမည်ကျော် chat app ဖြစ်တဲ့ Discord နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပိုမိုကြိုးပမ်းလာခဲ့ပြီး Discord ပုံစံ feature တွေကို ဇွန်လက Steam client မှာ ထည့်သွင်းခဲ့ကာ beta ဗားရှင်းတစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ အခုအခါမှာတော့ အဲ့ဒီ feature တွေကို Steam သုံးစွဲသူအားလုံးထံ ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီ update သစ်မှာ ဒီဇိုင်းနဲ့ chat လုပ်ဆောင်ချက်တွေကို အဓိကထား ပြင်ဆင်ထားပါတယ်။ အခုအခါမှာ သုံးစွဲသူတွေဟာ Steam Chat က သူငယ်ချင်းတွေနဲ့အတူ GIF တွေအပြင် social နဲ့ video link တွေကို ဝေမျှနိုင်ပါတယ်။ သူငယ်ချင်းတွေကို favorites အလိုက် စီထားနိုင်သလို ဂိမ်းအလိုက် ဒါမှမဟုတ် ပါတီအလိုက် group ဖွဲ့ထားနိုင်ပါတယ်။ ဒါ့အပြင် Steam Chat မှာ built-in voice chat ပါဝင်လာပါတယ်။

အဆိုပါ update ကို Steam client beta သုံးစွဲသူတွေထံ ဖြန့်ချိပေးမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သုံးစွဲသူအားလုံးအတွက် ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

Ref: TheVerge