MIUI 12 ရဲ့ ads တွေကိုဘယ်လို disable လုပ်မလဲ

Xiaomi ရဲ့ MIUI တွေမှာ built-in အနေနဲ့ပါဝင်တဲ့ app တွေကနေ ads ကြော်ငြာတွေက သုံးရတာ စိတ်ညစ်လောက်အောင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အခု ဖော်ပြပေးမယ့် နည်းလမ်းက MIUI 12 မှာ သင့်အနေနဲ့ အဲလိုမျိုး ကြော်ငြာတွေ ဖုန်းသုံးတဲ့အခါမျိုးမှာ disable လုပ်ထားနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

(၁) MSA app ကို ပိတ်ပြီး ကြော်ငြာတွေကို disable လုပ်နည်း

Xiaomi ကတော့ သင့်ကို ဒီစနစ်ကို ပိတ်မပစ်စေချင်ပေမယ့် MSA (MIUI System Ads) app ကို စိတ်ရှည်ရှည်လေးနဲ့ လုပ်ဆောင်ပြီး ပိတ်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ ဖုန်းက MIUI 12 ဖြစ်ရမှာ ဖြစ်သလို ခုလို ပိတ်ဖို့အတွက် ဖုန်းကို WiFi ချိတ်ထားတာဖြစ်ဖြစ်၊ မိုဘိုင်းအင်တာနက်ဖွင့်တာဖြစ်ဖြစ် အင်တာနက် ဖွင့်ထားပေးရမှာ ဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းရဲ့ Settings ထဲကိုသွားပါ။ ပြီးရင်တော့ Passwords & Security ကို နှိပ်ပါ။ အဲဒီထဲကမှ Authorisation & revocation စနစ်ထဲကို ထပ်ဝင်ပါ။ ပြီးရင်တော့ msa ဆိုတဲ့စာသားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး disable လုပ်ရမှာဖြစ်ပါတယ်။ ၁၀ စက္ကန့်လောက် စောင့်ပြီးရင်တော့ Revoke ဆိုတာကို နှိပ်ပြီး ဖုန်းကို restart ချပေးရမှာဖြစ်ပါတယ်။ (System ကနေ revoke မလုပ်နိုင်ဘူးဆိုတဲ့ မက်ဆေ့ချ်ပို့နိုင်ပေမယ့် disable ဖြစ်တဲ့အထိ လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။)

(၂) ကိုယ်ပိုင်ကြော်ငြာအကြံပြုချက်တွေကို disable လုပ်နည်း

သင့်အနေနဲ့ MSA ကို ပိတ်ထားပြီးရင်တော့ ဖုန်းကနေ သင့်ရဲ့ အကြိုက်ပေါ်လိုက်ပြီး ကိုယ်ပိုင်ကြော်ငြာအကြံပြုချက် (personalised ad recommedndations) တွေ ဖော်ပြပေးတာကို ဆက်လက် disable လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ အဲလို လုပ်ဆောင်ဖို့ Settings ထဲက Privacy protection ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Ad services ဆိုတဲ့ စာသားကို နှိပ်ပြီး ထပ်ဝင်ပါ။ အဲဒီထဲကမှ personalised ad recommedndations ဆိုတဲ့ စာသားဘေးက ခလုတ်ကို တစ်ချက်နှိပ်ပြီး disable လုပ်လိုက်ပါ။

(၃) လုံခြုံရေးဆိုင်ရာနဲ့ Mi Browser ads တွေကို disable လုပ်နည်း

လုံခြုံရေးဆိုင်ရာနဲ့ Web Browser နဲ့သက်ဆိုင်တဲ့ ads တွေကို ပိတ်ဖို့အတွက် Mi Browser ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Profile icon လေးကို ရွေးပြီး မြင်ကွင်းညာဘက်အပေါ်ထောင့်နားက Settings ဆိုတာကို ထပ်နှိပ်လိုက်ပါ။ Advanced settings ထဲကိုရောက်ရင်တော့ “Add ads” ဆိုတဲ့စာသားဘေးက ဘောက်ကလေးကို နှိပ်ပြီး disable လုပ်ရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး MIUI Security app ရဲ့ ads တွေကို disable လုပ်ပါမယ်။ Security app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Settings ထဲကို ဝင်လိုက်ပါ။ Settings ထဲကိုရောက်ရင်တော့ Receive recommendations ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး disable လုပ်လိုက်ပါ။

(၄) Xiaomi Music နဲ့ Mi Video ရဲ့ ads တွေကို disable လုပ်နည်း

Mi Music app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက Settings ကို နှိပ်ကာ စနစ်ထဲကို ဝင်လိုက်ပါ။ Settings ထဲရောက်ရင်တော့ Advanced Settings ထဲကို ဝင်ပြီး Receive referrals and Show ads ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို တစ်ချက်နှိ်ပကာ disable လုပ်လိုက်ပါ။

(၅) MIUI themes ads တွေကို ပိတ်နည်း

MIUI Themes app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Account ကိုသွားပြီး Settings ထဲကို ဝင်လိုက်ပါ။ Settings ထဲကိုရောက်ရင်တော့ Recommendations ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး disable လုပ်ပေးလိုက်ပါ။

ခုလိုမျိုး ပိတ်လိုက်တာက သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အကြံပြုချက်ကြော်ငြာတွေကို ပိတ်ထားလိုက်တာ ဖြစ်ပေမယ့် MIUI ရဲ့ သုံးစွဲသူအတွေ့အကြုံဆိုင်ရာတွေတော့ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခုလို လုပ်ထားလိုက်ခြင်းအားဖြင့် MIUI 12 ရဲ့ နောက်ထပ် ဗားရှင်းသစ်တွေမှာလည်း ကြော်ငြာတွေကင်းကင်းနဲ့ အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««