Dimensity 720 5G ပရိုဆက်ဆာ အသုံးပြုထားတဲ့ Huawei Enjoy 20 Plus 5G နဲ့ Enjoy 20

Huawei ဟာ Enjoy 20 Plus 5G နဲ့ Enjoy 20 အမည်ရ အလယ်အလတ်တန်းစားဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Plus မော်ဒယ်ကတော့ Mate 30 Pro နဲ့ဆင်ပြီး screen-to-body အချိုးအစားက ၉၂ ရာခိုင်နှုန်းအထိ ပါဝင်လာပါတယ်။ Enjoy 20 မှာတော့ ရေစက် notch နဲ့ ကင်မရာအုံ ပါဝင်ပါတယ်။

Huawei Enjoy 20 Plus 5G

Huawei Enjoy 20 Plus 5G မှာတော့ ရှည်လျားတဲ့ 20:9 IPS LCD panel နဲ့အတူ 1080x 2400px ရုပ်ထွက်အရည်အသွေးဖြစ်ကာ မျက်နှာပြင်အရွယ်အစားက ၆.၆၃ လက်မ ရှိပါတယ်။ ဒါ့အပြင် 90Hz refresh rate ထောက်ပံ့ထားပြီး mechanism ထဲ 16MP f/2.0 ရှေ့ကင်မရာ ထည့်သွင်းထားပါတယ်။ MediaTek ရဲ့အလယ်အလတ်တန်းစား 5G chipset ဖြစ်တဲ့ Dimensity 720 ကို LPDDR4X RAM 6GB ဒါမှမဟုတ် 8GB နဲ့တွဲဖက်ပေးထားပါတယ်။

Storage ကတော့ 128GB ဖြစ်ပြီး Huawei ရဲ့ NMcards တွေကို 256GB အထိ တိုးချဲ့နိုင်ပါတယ်။

ကင်မရာကတော့ ကျောဘက်မှာ 48MP f/1.8 aperture, 8MP f/2.4 ultrawide နဲ့ 2MP macro နဲ့အတူ f/2.4 aperture တို့ပါဝ်ငလာပါတယ်။ ဘက်ထရီကတော့ 4,200mAh ဖြစ်ပြီး 40W အားသွင်းမြန်ဆန်စနစ် ပါဝင်လာကာ Android 10 အခြေခံ EMUI 10.1 ကိုအသုံးပြုထားပါတယ်။

Huawei Enjoy 20 5G

Huawei Enjoy 20 5G ဗနီလာဗားရှင်းမှာတော့ မျက်နှာပြင် ၆.၆ လက်မ IPS LCD panel နဲ့အတူ HD+ (720x 1600px) နဲ့ 60Hz refresh rate တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Dimensity 720 ကို RAM 4GB နဲ့ 6GB အပြင် storage 128GB တို့နဲ့ တွဲဖက်ထားပါတယ်။ အခုဖုန်းမှာ microSD ကတ်ပေါက်ပါဝင်ပြီး 512GB အထိ ထောက်ပံ့ပေးထားပါတယ်။

ဘက်ထရီကတော့ 5,000mAh ဖြစ်ပြီး 10W အားသွင်းစနစ်ပါဝင်လာပါတယ်။ ဘေးဘက်မှာတော့ fingerprint reader ကိုထည့်သွင်းထားပါတယ်။

Enjoy 20 5G ကို အနက်၊ ရွှေ၊ အစိမ်းနဲ့ ပန်းရောင်ဆိုပြီး ထုတ်လုပ်ထားပါတယ်။ 4GB မော်ဒယ်ကတာ့ ဒေါ်လာ ၂၅၀ ကျသင့်ပြီး 6GB ကတော့ ဒေါ်လာ ၂၈၀ ကျသင့်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««