Digitek Portable Mini Tripod DTR-200 MT

Smartphones, GoPro, Yi Action Camera နဲ့ compact camera အသေးတွေမှာ ဓာတ်ပုံ၊ဗီဒီယိုရိုက်ကူးရာမှာ တည်ငြိမ်အောင် အထောက်အကူပြုပေးနိုင်မယ့် Mini Tripod ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဆောင်သယ်ယူ အသုံးပြုနိုင်မယ့် Mini Tripod ဖြစ်ပါတယ်။ Abs Plastic သားနဲ့ တည်ဆောက်ထားပြီး ခြေသုံးချောင်း ပါဝင်ပါတယ်။

Head ခေါင်းပုံစံက 1/4 Screw Head အမျိုးအစားကိုအသုံးပြုထားလို့ 90’ဘေးစောင်းနဲ့ 360′ Pan လှည့်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ အလေးချိန် 1kg အထိ တင်ဆောင်အသုံးပြုနိုင်ပြီး အမြင့်ဆုံးအရှည် 7.87 လက်မ အထိ ရမှာဖြစ်ပါတယ်။ အနိမ့်ဆုံး အနေအထားနဲ့ဆိုရင် 5.11 လက်မ အထိ နိမ့်ထားလို့ရပါတယ်။ အရည်အသွေး မြင့်မားပြီး မည့်သည့်နေရာမဆို အောက်ခြေချော်ထွက်မှုမရှိအောင် ရာဘာခြေစွပ် တပ်ဆင်ထောက်ပံ့ပေးထားပြီး မြေနေရာ အနေအထားမရွေး အသုံးပြုနိုင်မှာပါ။

အရွယ်အစား 22 x 6 x 4 cm ရှိပြီး အလေးချိန် 141 ဂရမ် ရှိပါတယ်။ ဈေးနှုန်းကတော့ ကျပ် တစ်သောင်းဖြစ်ပြီး Royal Digital Camera ဖုန်း 01-8398370 ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««