Digital Marketing Summit ကျင်းပမည်

Digital Marketing Summit 2017 အခမ်းအနားကို လာမယ့်အောက်တိုဘာလ ၁ ရက် မှာ နေ့လည် ၁ နာရီ ကနေ ညနေ ၅ နာရီအထိ Summit Park View ဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး Digital Marketing ဆိုင်ရာ ဗဟုသုတတွေကို ကုမ္ပဏီတွေရဲ့ Director တွေ ၊ Professional Digital Marketer တွေ ၊ Social Media Influencer တွေအစရှိသဖြင့် အတွေ့အကြုံရှိ ပြည်တွင်း နဲ့ ပြည်ပမှ ပညာရှင် အသီးသီးက ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Summit မှာ ၀င်ကြေးပေးစရာမလိုတဲ့ အခမဲ့အခမ်းအနားဖြစ်တယ်လို့ သိရပါ တယ်။ အဲဒီအခမ်းအနားကို လုပ်ငန်းရှင်တွေ ၊ စွန့်ဦးတီထွင်လူငယ်တွေ ၊ Brand Manager တွေ၊ Marketing Manager တွေ၊ Digital Marketing ကို သက်မွေးလမ်းကြောင်းအဖြစ် စတင်လုပ်ကိုင်မယ့် လူငယ်တွေ ကို ဦးစားပေးကာ လက်ခံ တက်ရောက်ခွင့်ပေးမယ်လို့ဆိုပါတယ်။

“ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေ၊ CEO တွေ၊ Directors တွေ၊ Brand and Marketing Manager တွေအတွက် Digital Marketing က ဒီနေ့ခေတ်ကာလမှာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။ ဒီအတွက် Digital Marketing ရဲ့ လက်ရှိအလားအလာ၊ နောက်ဖြစ်လာနိုင်မယ့် အကြောင်းအရာတွေကို နားလည်ကျွမ်းကျင်သူ များကနေ ဆွေးနွေးဖလှယ်ပြီး မြန်မာပြည်က Digital Marketer တွေ မိမိတို့လုပ်ငန်းအတွက် Digital Marketing ကိုအသုံးချပြီး အောင်မြင်မှုတွေ ပိုမိုရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြုလုပ်တာဖြစ်ပါတယ် ” လို့ Digital Minds (Marketing Consultant Agency) ၏ Managing Director ဖြစ်သူ ကိုဟိန်းသက်ခင်ဇော်က ပြောပါတယ်။

-ထွန်းထွန်း