Digital Marketing အွန်လိုင်းသင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး Digital Marketing အွန်လိုင်းသင်တန်း အမှတ်စဉ် (၃) ကို သြဂုတ် ၂၂ ရက်မှာ ဖွင့်လှစ်မယ်လို့သိရပါတယ်။

သင်တန်းမှာ Digital Marketing အကြောင်းသိလိုသူတွေ၊ ဈေးကွက်မဟာဗျူဟာ အကြောင်း သိလိုသူတွေအတွက် Japanese style Management ပုံစံနဲ့ ဈေးကွက်ချိတ်ဆက်ပုံ နည်းလမ်းတွေကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းမှာ workshop တွေ case study​ တွေပါဝင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သင်တန်းကာလက သြဂုတ် ၂၂ ရက် မှ သြဂုတ် ၂၃ ရက်အထိ ဖြစ်ပြီး သင်တန်းကို ဦးအောင်ကျော်လင်း က သင်ကြားပေးမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းချိန်က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖြစ်ပါတယ်။ သင်တန်းကြေး ၃၉,၀၀၀ ကျပ် ဖြစ်ပြီး Zoom Apps နဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ သြဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး MCPA-YGN ရုံးခန်း (သို့) KBZ Quick Pay မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၁၄)၊ ဒုတိယထပ်၊ အခန်း (၃၀၁)၊ ဖုန်း – ၀၁- ၉၃၃၉၂၂၀ သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ