Digital Marketing သင်တန်းဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး Digital Marketing ပိုင်းဆိုင်ရာ သင်တန်းကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ Digital Marketing အကြောင်း၊ စျေးကွက်မဟာဗျူဟာအကြောင်း အပြင် Japanese style management ပုံစံဖြင့် စျေးကွက်ချိတ်ဆက်ပုံ နည်းလမ်းများကို သင်ကြားပေးမှာဖြစ်ပြီး work shop တွေ Case study တွေကို ပါဝင်လုပ်ဆောင်ရမှာပါ။ သင်ကြားရမယ့် ဘာသာရပ်တွေကတော့ What is Digital Marketing, Market Research, Branding, Personal Marketing , Customer journey map, Triple media strategy, Earned Media (incl. Influencer marketing), Owned Media, Paid Media, New 4Cs, Inbound Marketing, Content Marketing, O2O Marketing, KGI/KPI setting တွေပဲဖြစ်ပါတယ်။

သင်တန်းကာလက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်နဲ့ မတ် ၁ ရက် ဖြစ်ပြီး ဦးအောင်ကျော်လင်း က သင်ကြားပေးမှာဖြစ်ပါတယ်။ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားရမှာပါ။ သင်တန်းကြေး ၃၉,၀၀၀ ကျပ် ဖြစ်ပြီး သင်တန်းသားဦးရေ အယောက် ၃၀ သာ လက်ခံမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်း – ၆၅၂၂၇၆ နဲ့ ၀၉-၅၀၆၇၁၆၈ ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ