Digital Currency (Cryptocurrency) များအကြောင်း မိတ်ဆက်ဟောပြောပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

နိုင်ငံတကာနှင့် ပြည်တွင်းတွင် တနေ့တခြား စိတ်ဝင်စား လူကြိုက်များလာသော Bitcoin နဲ့ နာမည်ကျော် ဒစ်ဂျစ်တယ်ငွေကြေး စနစ်တွေရဲ့ လက်ရှိအခြေအနေ၊ လာမယ့်အနာဂတ်မှာ တိုးတက်လာနိုင်တဲ့ အနေအထား၊ အသုံးဝင်ပုံ၊ အသုံးပြုပုံနဲ့ ရှာဖွေ တူးဖော်ခြင်း စတာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို Victory Investment Fund မှာ ဆွေးနွေး ဟောပြောမယ်လို့ သိရပါတယ်။

“Bitcoin ဆိုတာက ကမ္ဘာအနှံ့နေရာ အတော်များများသုံးစွဲလို့ ရနေပါပြီး၂၀၁၃ ကစပြီး ကနေဒါမှာ ပထမဆုံး bitcoin ATM ကို စတင်ခဲ့ကာ ယခု စင်္ကာပူမှာလည်း စတင်နေတာဖြစ်ပြီး ၂၀၁၅ မှာ Barclays ဘဏ်ကြီးက ငွေကြေးအဖြစ် စတင်အသိ အမှတ်ပြုခဲ့သလို ၂၀၁၆မှာ ဂျပန်လွှတ်တော်ကလည်း အသိအမှတ်ပြုထားတယ်” လို့ VHF ကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းထွန်း ကပြောကြား ပါတယ်။

Bitcoin နဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးပွဲကို ဦးဒီပကျော် (BE.EP(Q)) က ၃.၁၂.၂၀၁၇၊ တနင်္ဂနွေနေ့ နေ့လည် ၂ နာရီ မှ ၄ နာရီထိ Victory Investment Fund အမှတ် ၁၈၀၊ ၇ လွှာ၊ တော်ဝင်မြန်မာကွန်ဒို၊ ဗိုလ်တထောင်ဘုရားလမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား၊ ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အသေးစိတ်ကို ဖုန်း ၀၉ ၉၆ ၄၄၄၆၁၁၆ မှာ စုံစမ်းစာရင်းပေးနိုင်မယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း