Digital စနစ္ျဖင့္ Smart Card ေဆာင္ရြက္မႈကို ဦးစားေပးလုပ္ငန္းအျဖစ္ ေဆာင္ရြက္ေန

[Zawgyi]

ႏိုင္ငံတကာပညာရွင္မ်ားထံမွ ေငြေရးေၾကးေရးႏွင့္ နည္းပညာမ်ားေထာက္ပံ့ရယူၿပီး Digital Database တည္ေထာင္ကာ Digital စနစ္နဲ႔ Smart Card ေဆာင္ရြက္ႏိုင္ဖို႔ တစိုက္မတ္မတ္ ေဆာင္ရြက္လ်က္ရွိတယ္လုိ႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းမွာ ေျပာပါတယ္။

“e-ID စနစ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္မႈအေနနဲ႔ ေနျပည္ေတာ္အပါအ၀င္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာအုပ္စုအဆင့္ ဦးေဆာင္ႀကီးၾကပ္မႈေကာ္မတီမ်ားနဲ႔ လုပ္ငန္းေကာ္မတီမ်ား ဖြဲ႕စည္းၿပီးျဖစ္ပါေၾကာင္း၊ မိမိတုိ႔တြင္ ရွိသည့္ ဖုိင္တြဲမ်ားနဲ႔ အေထာက္အထား စာရြက္စာတမ္းမ်ားကို ယခင္ကတည္းက စကၠဴမ်ားျဖင့္ မွတ္တမ္းမွတ္ရာမ်ား ထားရွိတဲ့အတြက္ ပ်က္စီးဆုံး႐ႈံးမႈမ်ား၊ မလိုလားအပ္သည့္ျပႆနာမ်ား ျဖစ္ပြားပါေၾကာင္း ထို႔ေၾကာင့္ စီမံခ်က္ေရးဆြဲခ်မွတ္ၿပီး Digital စနစ္ ေျပာင္းလဲရန္အတြက္ စတင္ ေဆာင္ရြက္ေနၿပီျဖစ္ပါေၾကာင္း” ၎က ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

နည္းပညာနဲ႔ေငြေၾကးလိုအပ္ျခင္းေၾကာင့္ ၀န္ႀကီးဌာနအေနနဲ႔ ဘတ္ဂ်က္ေတာင္းခံၿပီး မွတ္တမ္းမွတ္ရာမ်ားကို Digital စနစ္သို႔ ေျပာင္းလဲႏိုင္ေရး ဦးစားေပးလုပ္ငန္းအျဖစ္ ဆက္လက္ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ အထက္ပါအေၾကာင္းအရာေတြကေတာ့ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ားႏွင့္ ကုိယ္ေရးအခ်က္အလက္ မွတ္တမ္းဖိုင္တြဲမ်ားအား လက္ရွိအသံုးျပဳလ်က္ရွိေနေသာ စနစ္မွ Digital စနစ္သို႔ အျမန္ဆံုး ေျပာင္းလဲ ျပဳလုပ္ေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးခြန္းအေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

[Unicode]

နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့် နည်းပညာများထောက်ပံ့ရယူပြီး Digital Database တည်ထောင်ကာ Digital စနစ်နဲ့ Smart Card ဆောင်ရွက်နိုင်ဖို့ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

“e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေနဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ဦးဆောင်ကြီးကြပ်မှုကော်မတီများနဲ့ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ မိမိတို့တွင် ရှိသည့် ဖိုင်တွဲများနဲ့ အထောက်အထား စာရွက်စာတမ်းများကို ယခင်ကတည်းက စက္ကူများဖြင့် မှတ်တမ်းမှတ်ရာများ ထားရှိတဲ့အတွက် ပျက်စီးဆုံးရှုံးမှုများ၊ မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပွားပါကြောင်း ထို့ကြောင့် စီမံချက်ရေးဆွဲချမှတ်ပြီး Digital စနစ် ပြောင်းလဲရန်အတွက် စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း” ၎င်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

နည်းပညာနဲ့ငွေကြေးလိုအပ်ခြင်းကြောင့် ၀န်ကြီးဌာနအနေနဲ့ ဘတ်ဂျက်တောင်းခံပြီး မှတ်တမ်းမှတ်ရာများကို Digital စနစ်သို့ ပြောင်းလဲနိုင်ရေး ဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အထက်ပါအကြောင်းအရာတွေကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက် မှတ်တမ်းဖိုင်တွဲများအား လက်ရှိအသုံးပြုလျက်ရှိနေသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံး ပြောင်းလဲ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။