Dhamma MP4

နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကြီးများရဲ့ တရားတော် ဗီဒီယိုတွေကို နာကြားနိုင်မယ့် App ဖြစ်ပါတယ်။ ဟောကြားထားတဲ့ တရားဗီဒီယိုများအပြင် ပရိတ်တော်နဲ့ တရားတော် မြန်မာပြန်ဗီဒီယိုတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ တရားအမည်အလိုက်၊ ဆရာတော်ကြီးများအမည်အလိုက် တရားတော်တွေကို ရှာဖွေကြည့်ရှုနိုင်အောင်ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း