DF-01Portable Diffusion Box

အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းသူများ ၊ Table Top Photography ရိုက်လိုသူများ၊ ကုန်ပစ္စည်းကြော်ငြာ ရိုက်လိုသူများနဲ့ Macro ဓာတ်ပုံတွေ ရိုက်ဖို့အတွက် အသုံးပြုနိုင်မယ့် လေးထောင့်ပုံစံ diffusion box ဖြစ်ပါတယ်။ DSLR Camera, Mirrorless တွေနဲ့သာမက ဟန်းဆက်နဲ့ ရိုက်ရင်တောင်မှ ပုံထွက်အရည်အသွေး ကောင်းမွန်စေဖို့ အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။နောက်ခံ backdrop ကိုလည်း ရိုက်မယ့်ကုန်ပစ္စည်းပေါ် မူတည်ပြီး စိတ်ကြိုက်ပြောင်းလဲနိုင်မယ့် အဖြူ, အမည်း အနီနဲ့ အပြာ ဆိုပြီး အရောင်လေးမျိုးပါဝင်မှာ ဖြစ်ပါတယ်။ Diffusion Box ဖြစ်တဲ့အတွက် မိမိရိုက်မယ့် ကုန်ပစ္စည်း အနေအထားပေါ် မူတည်ပြီး ဘေး, အပေါ်, အောက် ပတ်လည်တိုင်းမှာ LED မီးတွေ စိတ်ကြိုက်ပေးပြီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

အလွယ်တကူခေါက်သိမ်းပြီး Outdoor & Indoor အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။ အရွယ်အစားက 60 x 60 x 60 cm နဲ့ 80 x80 x 80 cm ဆိုပြီး နှစ်မျိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။ 60cm ပတ်လည်က ၂၅,၀၀၀ ကျပ်၊ 80cm ပတ်လည်က ၂၈,၀၀၀ ကျပ် ဖြစ်ပါတယ်။ ROYAL DIGITAL CAMERA ဖုန်း ၀၉ ၅၁၁၃၅၉ ၀ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ